အပိုင်း ၁၀၅၁ : တာအိုနှလုံးသား ခြေမွသူ

269 32 0
                                    

စာစဥ် ၅၅ : အပိုင်း ၁

အပိုင်း ၁၀၅၁ : တာအိုနှလုံးသား ခြေမွသူ

ကျင်းဖန် အမတ်ပြောလိုက်သော အခါ အားလုံးတို့က ငြိမ်သက်သွားကြသည်။

အမှန်အတိုင်း ပြောရလျှင် သူတို့သည် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို တစ်ဝက်သာ ယုံကြည်နိုင်ကြသည်။

ဘာပဲပြောပြော ပါရမီ ဇန်မာစတာနှင့် တနင် ဇန်မာစတာတို့၏ ဇန်စိတ်များကို ယိမ်းယိုင်စေ၍ သူတို့၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်များကို ကွဲကြေစေရမည် ဆိုလျှင် သူတို့၏ အခြေခံများကို လှုပ်ရှားစေနိုင်သည့် တုန်လှုပ်ဖွယ်ရာ အတွေ့အကြုံ တစ်ခုနှင့် ကြုံတွေ့ခဲ့ရမည် ဖြစ်သည်။

ကန်းယန် အမတ်သည် သေချာနေသည်ပုံဖြင့် ပြောနေခဲ့သော်လည်း သူ၏ နှလုံးသားအတွင်းတွင် အလွန်အမင်း မသေချာနေပေ။ မဟုတ်လျှင် သူသည် ဤမျှအထိ ပြင်းထန်စွာ စိတ်လှုပ်ရှားနေမည် မဟုတ်ချေ။

အကြိမ်ပေါင်းများစွာပင် လင်းဖုန်းသည် မဖြစ်နိုင်သည့် အရာများကို ဖြစ်အောင် လုပ်ပြနိုင်ခဲ့သဖြင့် သူတို့အားလုံး၏ ရင်အတွင်းတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်နေကြသည်။

စူတောင်တိုက်ပွဲ အတွင်း၌ လင်းဖုန်းသည် စူတောင်ဓားဂိုဏ်းကပင် သတိမထားမိသည့် ပြဿနာ တစ်ခုကို ထောက်ပြနိုင်ခဲ့သည်။ နောက်ဆုံးတွင် အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါသည် ကောင်းကင်ဖျက်ဆီး ဓားဝင်္ကပါ ဖြစ်သွားသည်။ ဤအရာသည် စူတောင်မှ ဓားကျင့်ကြံသူများ၏ ဓားဆန္ဒများကို ကြေမွစေခဲ့သည်။

ယနေ့မှ အဖြစ်အပျက်သည် အတိတ်က ဖြစ်ပျက်ခဲ့သည်များက တစ်ခေါက် ပြန်ဖြစ်နေသကဲ့သို့ ဖြစ်နေသည်။

နဂါးပလ္လင် အပေါ်တွင် ထိုင်နေသော ရှီယုသည် သူ၏ပါးစပ်ကို ဟကာ ပြောလိုက်သည်။ "ငါတို့က ဘာပဲ ပြောနေပြောနေ အခု ကြည့်ရသလောက် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဟာ သူတို့ အကျိုးအမြတ် ရတာထက် ပိုပြီး ဆုံးရှုံးသွားမယ့်ပုံ ပေါ်နေတယ်"

အားလုံးတို့က သဘော တူညီစွာဖြင့် ခေါင်းများ ညိတ်လိုက်ကြသည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ဤတစ်ခေါက်တွင် ပြုလုပ်ခဲ့သော အရာသည် သူတို့အား ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်စေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ