အပိုင်း ၁၁၀၅ : ပြိုင်ဘက်များကို အလစ်အငိုက် ဖမ်းခြင်း

240 23 0
                                    

စာစဥ် ၅၇ : အပိုင်း ၁၅

အပိုင်း ၁၁၀၅ : ပြိုင်ဘက်များကို အလစ်အငိုက် ဖမ်းခြင်း

အရပ်မြင့်မြင့်နှင့် ပုံရိပ်သည် သူ၏ လက်ညှိုးအား ကောင်းကင်ယောက်သွား ရွှေပုလဲ အပေါ်သို့ တင်လိုက်သည်။ ခရမ်းရွှေရောင် အလင်းတန်း တစ်ခုက မျက်စိကျိန်းလုမတတ် တောက်ပစွာဖြင့် လင်းလက်လာ၏။ မရေမတွက်နိုင်သော ထူးခြားဆန်းကြယ်သည့် အဆောင်လက်ဖွဲ့ စာသားများက သူ၏အပေါ်တွင် ပေါ်လာသည်။

ရွှေပုလဲ အတွင်းမှ လျှိုကြီးသည် သူ၏ မျက်လုံးများကို မှိတ်ထားကာ သူ၏ ကိုယ်ပိုင် မိစ္ဆာစွမ်းအားများဖြင့် လင်းဖုန်း၏ စွမ်းအားများနှင့် ဆက်သွယ်လိုက်သည်။

တောက်ပနေသော မြူခိုးငွေ့ အလွှာများက လင်းလက်လာ၍ အလင်းတန်း တံလျှပ် တစ်ခုအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းသွားသည်။ လင်းဖုန်းသည် ထိုအလင်းတန်း တံလျှပ်အား သူ၏ အသစ်ဖန်တီးထားသော ကိုယ်ပွားဖြင့် အသေအချာ ကြည့်ရှုလိုက်သည်။

အချိန်ခေတ္တမျှ စစ်ဆေးအပြီးတွင် လင်းဖုန်းသည် ပြောင်းလဲနေသော မရေမတွက်နိုင်သည့် အဆောင်လက်ဖွဲ့ သင်္ကေတများအား အံ့အားသင့်စွာဖြင့် ကြည့်နေရင်း သူတို့ ပေးပို့လာသည့် သတင်း အချက်အလက်များကို နားလည်အောင် ကြိုးစားနေသည်။

"ကြည့်ရတာ ဝိညာဥ်ပင်လယ်ကို ထပ်ပြီးမှ ရောက်နိုင်ဖို့ ကြိုးစားနေကြတဲ့ လူတွေ ရှိနေကြတယ်… ကြည့်ရတာ သူတို့က ဝိညာဥ်ပင်လယ်ကို ကြိုတင်ပြီးမှ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေကြတာပဲ"

သင်္ကေတများမှ ပုံဖော်ထားသော ပုံရိပ်ကို ကြည့်နေရင်း လင်းဖုန်းသည် မည်သည့် အရာကိုမှ မတွေ့ရချေ။ သို့သော်လည်း အဖြူရောင် တိမ်တိုက်အချို့ကို ရေးရေးလေး မြင်နိုင်ပေသည်။

လင်းဖုန်းသည် သူ၏အရှေ့မှ မြင်ကွင်းအား ကြည့်နေရင်း ထိုအဖြူရောင် တိမ်တိုက်များမှ ထုတ်လွှတ်နေသော စွမ်းအား သဘောတရားများကို တိတ်တဆိတ် အသေးစိတ် လေ့လာနေပြီး သူ၏ခေါင်းကို ညိတ်လိုက်သည်။

"ဒါက တကယ်ပဲ ဟင်းလင်းပြင် ဘုရားကျောင်း ဖြစ်တယ်… သူတို့က တခြားကိစ္စတွေကိုလည်း စီမံနေရတဲ့ အတွက် ငရဲကမ္ဘာ အတွင်းကို လူအကန့်အသတ်နဲ့ပဲ ဝင်လာနိုင်တာ… လက်စသတ်တော့ သူတို့က ဝိညာဥ်ပင်လယ်ကို ပစ်မှတ်ထားနေကြတာကိုး… ဒါပေမဲ့ ကြည့်ရတာ သူတို့က အောင်မြင်မှု မရကြသေးပဲ နည်းလမ်းအမျိုးမျိုးနဲ့ စမ်းသပ်နေကြဆဲပဲ ရှိသေးတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora