စာစဥ် ၄၁ : အပိုင်း ၁
အပိုင်း ၇၇၁ : ကောင်းကင်လက်၊ သေးငယ်သော အလင်းစက်
လင်းဖုန်းသည် ကောင်းကင်၏ စည်းရိုးများကို အသုံးပြု၍ လှိုင်းလုံး ပင်လယ်နဂါးဘုရင်အား ရေပူဖောင်းနှင့် တိုကင်တို့ကို သိမ်းဆည်း၍ ထွက်ပြေးလွတ်မြောက်သွားမည်ကို ကာကွယ်ခဲ့သည်။ ထိုအချိန်တွင် မိုးကုတ်စက်ဝိုင်းတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ကာ လူတစ်ယောက်က ဟင်းလင်းပြင် အတွင်းမှ ထွက်လာခဲ့သည်။
သူသည် အစိမ်းရောင် ဝတ်စုံအား ဝတ်ဆင်ထားသော အသက်ကြီးရင့်နေသည့် လူကြီးတစ်ယောက် ဖြစ်၏။ သူ၏ ဆံပင်အားလုံးတို့မှာ ဖြူနေသော်လည်း ကျန်းမာရေး ကောင်းနေသေးသည်။ သူ၏ အရေပြားတွင် တွန့်နေခြင်းများ မရှိပဲ လူငယ်လေး တစ်ယောက်ကဲ့သို့ ချောမွေ့နေသည်။
ဤဆံပင်ဖြူနှင့် အဘိုးအိုသည် အင်အားကြီးမားလှသည့် အော်ရာများကို ပိုင်ဆိုင်ထား၏။ ဟင်းလင်းပြင် အတွင်းမှနေ၍ ရောက်လာသောအခါ သူ၏ တစ်ခုတည်းသော ခန္ဓာကိုယ်သည် ကိုယ်ပိုင်ကမ္ဘာ တစ်ခုအား ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေ၏။ သူသည် သူ့ဘေးပတ်ဝန်းကျင်မှ လေဟာနယ်နှင့် သီးသန့်ဖြစ်နေသည်ဟု ထင်နေရသော်လည်း တစ်ချိန်တည်းတွင်ပင် လိုက်လျောညီထွေစွာ သဟဇာတ ဖြစ်နေသည်ဟုလည်း ထင်နေရကာ လူများကို ခွဲခြားရခက်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
ဤအဘိုးအို၏ မျက်လုံးများရှိ မျက်ကြည်လွှာမှနေ၍ တစ်ယောက်သည် ကျယ်ပြန့်လှသော စကြာဝဠာ တစ်ခုအား ရေးရေးလေး တွေ့နိုင်သည်။ သူ၏ မျက်ဝန်းအတွင်းတွင် လည်ပတ်နေသော ကောင်းကင်ကမ္ဘာသည် မဟာတာအို လမ်းစဥ်၏ ခက်ခဲနက်နဲသော သဘောတရားများကို ရောင်ပြန်ဟပ်နေသကဲ့သို့ ရှိ၏။
လင်းဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအဘိုးအိုအား အကဲခတ်လိုက်ပြီးမှာ သူသည် ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။ "ဆောင်တုန်းထျန်းလား"
သူ၏ စကားလုံးများသည် မေးခွန်းကဲ့သို့ ဖြစ်နေသော်လည်း လင်းဖုန်း၏ လေသံသည် သိပြီးသား အရာတစ်ခုအား ပြောနေသကဲ့သို့ သေချာနေ၏။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...