အပိုင်း ၁၀၉၉ : ရှဧကရာဇ်နှင့် တိုက်ခိုက်ခြင်း

238 24 0
                                    

စာစဥ် ၅၇ : အပိုင်း ၉

အပိုင်း ၁၀၉၉ : ရှဧကရာဇ်နှင့် တိုက်ခိုက်ခြင်း

လင်းဖုန်းသည် သေမင်းဧကရာဇ်နှင့် သွေးမြစ် တာအိုဆရာတို့အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်သည်။ "ခင်ဗျားရဲ့ နတ်ဆိုးဝိညာဥ်တွေ အဖြစ် အကျင့်ကြံ ခံထားရတဲ့ သူတွေက သူတို့မသေခင် အချိန်နဲ့ စွမ်းအားတွေ အတူတူလောက်ပဲ ရှိနေကြတယ်… သွေးမြစ် တာအိုဆရာက အတိတ်က အမတန်မှ အစွမ်းထက်ခဲ့တာက သူ့ရဲ့ သွေးဝိညာဥ်တွေကြောင့်ပဲ"

"ဒါပေမဲ့ သူ့ရဲ့ သွေးဝိညာဥ်တွေက ပျက်စီးသွား အပြီးမှာ သူက ဘယ်လောက်အထိ အစွမ်းထက်သေးသလဲ ဆိုတာကို ပြောရခက်တယ်… ခင်ဗျားက ပြန်လည် ရှင်သန်နိုင်ဖို့ အမြဲတမ်း ပြင်ဆင်နေပြီး ရိုးရှင်းစွာနဲ့ပဲ နေခဲ့တယ်… ဒီလိုဆိုတော့ ခင်ဗျားမှာ သွေးမြစ် တာအိုဆရာကို သွေးဝိညာဥ်တွေ ပြန်ပြီးတော့ ကျင့်ကြံနိုင်အောင် ကူညီပေးဖို့ အခွင့်အရေး မရှိဘူး မဟုတ်လား"

သေမင်းဧကရာဇ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ဟင်းလင်းပြင် ဘုရားကျောင်းကို ရင်ဆိုင်ဖို့အတွက် လုံလောက်တယ်"

သူစကားပြောနေရင်း သွေးမြစ် တာအိုဆရာ၏ ပုံရိပ်သည် တာအိုသစ်သီး၏ အနက်ဘက်ခြမ်းမှ အဖြူဘက်ခြမ်းသို့ ရောက်သွားသည်။

အဖြူဘက်ခြမ်းသို့ ရောက်သွားသောအခါ သွေးမြစ် တာအိုဆရာ၏ ပုံရိပ်သည် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းသွားကာ တာအိုသစ်သီး ထံမှ ထွက်လာခဲ့သည်။ သူသည် ချင်းရီ သူတော်စင်မယ်အား အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။

သူ၏အပေါ်တွင် သွေးတိမ်တိုက် ဘောလုံးများက ထိုးတက်လာ၍ ကောင်းကင်အား ဖုံးလွှမ်းသွားသည်။

အားလုံးတို့အား လေဟာနယ်နှင့် အကွာအဝေးတို့ကို အာရုံမခံစေနိုင်သော ကစဥ့်ကလျား ဟင်းလင်းပြင် အတွင်း၌ပင် အားလုံးတို့သည် ဤတိမ်တိုက်များက မည်မျှ ကျယ်ပြန့်သည်ကို ရေးရေးလေး ခံစားနေနိုင်ကြသည်။

သွေးတိမ်တိုက်များသည် စူးရှပြင်းထန်သော ရနံ့ရှိသည့် မမြင့်မြတ်သော သွေးမြစ်များနှင့် အဆက်မပြတ် စီးဆင်းလာသည်။ သွေးမြစ်နဲ့အတူ မြောက်မြားလှစွာသော အကြွင်းမဲ့ သွေးမြစ်ရေများက စီးကျလာ၏။ သွေးမိုးများက တရကြမ်း ကျဆင်းလာသကဲ့သို့ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now