အပိုင်း ၇၂၁ မှ ၇၂၅

539 42 1
                                    

စာစဥ် ၃၈ : အပိုင်း ၁၁

အပိုင်း ၇၂၁ : သာမန်သေမျိုးတစ်ယောက်သည် ဖန်ကျန်း၏ အံ့ဖွယ်ကောင်းပုံကို သဘောမပေါက်နိုင်ပေ

လင်းဖုန်းသည် သူ၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း ပုံဆောင်ခဲ တစ်ခုကို အသုံးကာ ရေချိုသူတော်စင်၏ အဖြူရောင် အလင်းတန်း လမ်းကြောင်းအား ချုပ်နှောင်ထားခဲ့သည်။ ဒါသည် သူ၏ လွတ်လမ်းကို ပိတ်ဆို့ထားရုံသာမကပဲ အဖြူရောင် အလင်းတန်းကိုပါ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ သူသည် အဖြူနှင့် အနက်ရောင် အလင်းတန်းအား မတင်လိုက်သည်နှင့် တပြိုင်နက် ထိုအဆောင်လက်ဖွဲ့မှ ထွက်ပေါ်လာသော အဖြူရောင် အလင်းတန်း လမ်းကြောင်းသည် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

လင်းဖုန်းသည် ထိုအဖြူရောင် အလင်းတန်းပေါ်သို့ ခြေချလိုက်ရာ ချက်ချင်းဆိုသလိုပင် မူလကောင်းကင် ပင်လယ်ခုနှစ်စင်း အတွင်းတွင် တစ်ခု အပါအဝင် ဖြစ်သော ယင်ပင်လယ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

"အဖြူရောင် အလင်းတန်း၏ လျှို့ဝှက်ချက်က ထူးခြားတဲ့ သယ်ယူပို့ဆောင်ခြင်း စွမ်းအားဖြစ်တယ်။ သူက တစ်ခါသာ အသုံးပြုနိုင်ပြီး အရပ်မျက်နှာ တစ်ခုကိုသာ သွားနိုင်ပေမဲ့ သူရဲ့ ဒိုင်မန်းရှင်းတွေကို ဖြတ်တောက်နိုင်တဲ့ စွမ်းရည်က ဩချလောက်ပါပေတယ်" လင်းဖုန်းက တွေးလိုက်သည်။ "ငါ့ရဲ့ အရင်က ခန့်မှန်းချက်တွေက မှားယွင်းနေပါစေလို့ ဆုတောင်းပါတယ်"

ဤအထိ တွေးလိုက်ပြီးသည်နှင့် လင်းဖုန်းသည် အဖြူရောင် အလင်းတန်း၏ အနောက်သို့ လိုက်သွားခဲ့ကာ ထူထဲသော တိမ်တိုက်မြူခိုးငွေ့များဖြင့် ဖုံးလွှမ်းထားသော သီးသန့် ဒိုင်မန်းရှင်း တစ်ခုအတွင်းသို့ ရောက်သွားခဲ့သည်။

အဖြူရောင် အလင်းတန်းသည် တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့၍ လုံးဝ ကွယ်ပျောက်သွားခါနီးတွင် လင်းဖုန်းက မှော်သင်္ကေတ တစ်ခုအား ဖန်ဆင်းလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "တည်ငြိမ်စမ်း"

ခရမ်းရောင် တိမ်တိုက်များက ပေါ်ပေါက်လာခဲ့ကာ မှေးမှိန်နေခဲ့သော အဖြူရောင် အလင်းတန်းအား တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ကြသည်။ အဖြူရောင် အလင်းတန်းသည် တွန့်လိမ်သွားခဲ့၍ ခရမ်းရောင် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ပြီးတာနှင့် သူသည် အပ်ဖျားလောက် သေးငယ်သော ခရမ်းရောင် အလင်းတန်း အစက်လေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now