အပိုင်း ၁၀၈၆ : သက်ရှည်ကြာပန်း ထိုင်ခုံ

278 29 0
                                    

စာစဥ် ၅၆ : အပိုင်း ၁၆

အပိုင်း ၁၀၈၆ : သက်ရှည်ကြာပန်း ထိုင်ခုံ

အန္တိမ အသိဉာဏ် နတ်ဘုရား ဆေးလုံး၏ ဆေးလုံး ဖော်စပ်နည်းသည် လင်းဖုန်းက ရှေးဟောင်း သက်ရှည်ကမ္ဘာသို့ စရောက်စတွင် ဂူကျွန်းနှင့် ကျန်သောသူများအား ပေးခဲ့သော လက်ဆောင်ပင် ဖြစ်သည်။

ဒါသည် အမှန်ပင် တိုက်ဆိုင်မှု တစ်ရပ်ဖြစ်သည်။ ဇူရီသည် ကမ္ဘာအနှံ့ ခရီးထွက်နေစဥ်က သူသည် မရည်ရွယ်ပဲနှင့် အန္တိမ အသိဉာဏ် နတ်ဘုရား ဆေးလုံး တစ်လုံးအား မရည်ရွယ်ပဲနှင့် ရရှိခဲ့သည်။ သူသည် ယုကျင်းတောင်သို့ ပြန်ယူလာအပြီးတွင် ကောင်းကင်ရွှေရောင် ခန်းမဆောင်၏ သုံးသပ်ဆင်ခြင်မှု စွမ်းရည်များကို အသုံးချကာ ထိုဆေးလုံး၏ ဆေးလုံး ဖော်စပ်နည်းကို အောင်မြင်စွာနှင့် ရရှိနိုင်ခဲ့သည်။

သို့သော်လည်း လင်းဖုန်းနှင့် သူ၏ တပည့်များအတွက် ထိုဆေးလုံး ဖော်စပ်နည်းသည် သိပ်၍ တန်ဖိုးမရှိပေ။

ကျင့်ကြံရမည့် ဆေးအမယ်များ မရှိပဲ အန္တိမ အသိဉာဏ် နတ်ဘုရား ဆေးလုံးအား ကျင့်ကြံရန် အလွန်အမင်း ခက်ခဲပေသည်။ သို့သော်လည်း ဒါသည် ဤဆေးလုံး ဖော်စပ်နည်းက အသုံးမဝင်ဟု ဆိုလိုနေခြင်း မရှိပေ။ ဂျင်ဆင်းအသီး သစ်ပင် မရှိလျှင်ပင် အခြေအနေများကို ကောင်းမွန်စွာ အသုံးချနိုင်ပါက ဤဆေးလုံး ဖော်စပ်နည်းသည် အသုံးဝင်နိုင်သေး၏။

ဥပမာအားဖြင့် ဟင်းလင်းပြင် ဘုရားကျောင်းသည် အသက် အစားထိုးခြင်း ဆေးလုံး၏ မပြည့်စုံသော ဆေးလုံး ဖော်စပ်နည်းအား ရရှိနိုင်ရန် ရှေးဟောင်း သက်ရှည်ကမ္ဘာသို့ လာခဲ့ချိန်တွင် သူသည် ရှေးဟောင်း သက်ရှည်ကမ္ဘာ အတွက် နောက်ထပ် ဖဲချပ်တစ်ခု ဖြစ်သွားနိုင်သည်။

ဆေးခါးကြီး ဖြစ်နေသော်လည်း ဟင်းလင်းပြင် ဘုရားကျောင်းသည် သောက်ကိုသောက်မှ ရမည်ဖြစ်သည်။

သို့သော်လည်း ဤဖဲချပ်အား သင့်တော်စွာ အသုံးချနိုင်မည်လော ဟူသည်မှာ ဂူကျွန်းနှင့် ကျန်သောသူများ၏ ကိုယ်ပိုင် စွမ်းရည်များ အပေါ်တွင် မူတည်နေသည်။ အကယ်၍ ကောင်းမွန်စွာနှင့် အသုံးမချနိုင်ပါက သူတို့သည် ကိုယ့်ခြေထောက်ကိုယ် ပြန်ပစ်မိမည် ဖြစ်သည်။ သို့သော်လည်း လက်ရှိ အခြေအနေအရ ဂူမိသားစုအတွက် အကျိုးများစွာ ရနိုင်မည့်ပုံ ပေါက်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now