အပိုင်း ၁၀၈၂ : အရေအတွက်နှင့် ကွဲပြားမှုများကို ဖြည့်ခြင်း

251 28 0
                                    

စာစဥ် ၅၆ : အပိုင်း ၁၂

အပိုင်း ၁၀၈၂ : အရေအတွက်နှင့် ကွဲပြားမှုများကို ဖြည့်ခြင်း

ကျင့်ကြံနေသော ဆေးလုံးတစ်လုံး၏ အရည်အသွေးနှင့် အဆင့်အတန်းတို့သည် အမတန်မှ မြင့်မားပါက သူ့တွင် မိစ္ဆာစိတ်ရိုင်းများ ပေါ်လာနိုင်ကာ ဆေးလုံးကပ်ဘေးအား ဆင့်ခေါ်နိုင်မည် ဖြစ်သည်။

အကယ်၍ ဤအခြေအနေကို ကောင်းမွန်စွာနှင့် ဖြေရှင်းနိုင်ပါက မိစ္ဆာစိတ်ရိုင်းအား ဖယ်ရှားနိုင်ကာ ဆေးလုံး၏ အရည်အသွေးသည် နောက်တစ်ဆင့်သို့ တက်သွားနိုင်သည်။ သို့သော်လည်း သူ့အား မဖယ်ရှားနိုင်ပါက ဆေးလုံး၏ စွမ်းအားများကို ပုံရိပ်ယောင် မိစ္ဆာများက ဝါးမျိုခဲ့မည် ဖြစ်ကာ မိစ္ဆာများက အစစ်အမှန် ပုံစံ ဖြစ်လာနိုင်သည်။ သူတို့က သောင်းကျန်းနေကြသော အခါ ဆေးလုံးက ပျက်စီးသွားနိုင်သည်။

သို့သော်လည်း ဆေးလုံးကပ်ဘေးအား ကျော်လွှားနိုင်ပါက မိစ္ဆာစိတ်ရိုင်းများအား ဖယ်ရှားနိုင်မည် ဖြစ်ကာ ဆေးလုံး၏ အရည်အသွေးက တိုးတက်လာနိုင်သည်။ သို့သော်လည်း ဆေးလုံးအား ကျင့်ကြံနေသူ တစ်ယောက်ကမှ ဆေးလုံးကပ်ဘေး ပေါ်လာသည်ကို မမြင်လိုကြပေ။

အကယ်ကြောင့်ဆိုသော် မိစ္ဆာစိတ်ရိုင်းများကို ဖယ်ရှားရန် အမတန်မှ ခက်ခဲလှသောကြောင့် ဖြစ်သည်။

မိစ္ဆာစိတ်ရိုင်းများကို ဖယ်ရှားရန် ဆေးလုံး ကျင့်ကြံသူ၏ ကျင့်ကြံမှု အဆင့်နှင့် စွမ်းရည်များ အပေါ်၌သာ မမူတည်နေပေ။ အကယ်၍ စွမ်းအားများစွာကို အသုံးပြုမိပါက မိစ္ဆာစိတ်ရိုင်းများကို ဖယ်ရှားနိုင်သော်လည်း ဆေးလုံးက ပျက်စီးသွားမည် ဖြစ်သည်။ အရာအားလုံးတို့ကလည်း အချည်းနှီး ဖြစ်သွားပေမည်။

အကယ်၍ မိစ္ဆာစိတ်ရိုင်းများကို ဖိနှိပ်ရုံသာ ဖိနှိပ်ထားနိုင်ပါက ဆေးလုံးများ အပေါ်တွင် အမှတ်အသား ဖြစ်နေမည် ဖြစ်သည်။ သူ့အား သောက်သုံးလိုက်သူ ကလည်း မိစ္ဆာစိတ်ရိုင်းများ ပေါ်လာနိုင်ခြေ ရှိသည်။

မိစ္ဆာစိတ်ရိုင်းအား ဖယ်ရှားရန် ဆေးလုံး ကျင့်ကြံသူ၏ နည်းစနစ်နှင့် စွမ်းအားအပေါ်တွင် မူတည်နေသည်။ အချိန် မည်မျှကြာသည်မှာလည်း မူတည်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now