အပိုင်း ၁၀၇၃ : ဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲ

291 27 0
                                    

စာစဥ် ၅၆ : အပိုင်း ၃

အပိုင်း ၁၀၇၃ : ဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲ

ရှေးဟောင်း သက်ရှည်ကမ္ဘာ၏ တော်ဝင်နန်းတော် အတွင်းတွင် ရွှမ်းလင်းစံအိမ်သည် ဂူမိသားစု၏ ဂျူနီယာ တပည့်များ ဆေးလုံးများကို ကျင့်ကြံသည့် နေရာဖြစ်သည်။

သူတို့၏ မျိုးဆက်ကြောင့် ဂူမိသားစုမှ တပည့်များ အားလုံးနီးပါးတို့သည် ဆေးလုံးများ ကျင့်ကြံမှုကို လိုက်စားကြသည်။ သူတို့၏ အဆင့်အတန်းများမှာလည်း အတော်ကို မြင့်မားကြသည်။

ရွှမ်းလင်း စံအိမ်အတွင်းတွင် ဂူမိသားစုမှ တပည့်များအား သူတို့၏ အကြီးအကဲများက လမ်းညွှန်ပေးနေကြသည်။ သူတို့၏ ကျင့်ကြံမှု အဆင့်အတန်းများ မြင့်မားလာ၍ အသက်ကြီးလာသော အခါ ဂူမိသားစုမှ တပည့်များသည် ရွှမ်းလင်းစံအိမ်သို့ မသွားကြတော့ပေ။ သူတို့၏ ကိုယ်ပိုင် ဆေးမီးဖိုများကို ပြင်ဆင်ထားကြ၍ သူတို့၏ အိမ်များတွင်သာ ကိုယ့်ကိုယ်ကိုယ် လေ့လာကြသည်။

သို့သော်လည်း ရွှမ်းလင်း စံအိမ်တွင် တပည့်များအတွက် အရည်အသွေး မြင့်မားသော ဆေးမီးဖိုများစွာတို့ကို ပြင်ဆင်ထားသည်။ ပိုမိုငယ်ရွယ်သော တပည့်များ အရင်လေ့ကျင့်ရန် သာမန် ဆေးမီးဖိုများလည်း ရှိသည်။

မှော်ရတနာ ဆေးမီးဖိုများပင် ရှိသည်။ သို့သော်လည်း ထိုဆေးမီးဖိုများအား ဂျူနီယာ တပည့်များက ထိတွေ့ခွင့် ရမည်မဟုတ်ချေ။

ရှောင်ကျန်းအာနှင့် ရှောင်ယန်တို့သည် ရွှမ်းလင်း စံအိမ်အတွင်းသို့ ဝင်သွားကြသော အခါ စံအိမ်အလယ်တွင် ဧရာမ ခန်းမဆောင် တစ်ခုအား တွေ့လိုက်ရသည်။ ထိုခန်းမဆောင်၏ အလယ်မှ စင်မြင့် ပတ်ပတ်လည်တွင် ထိုင်ခုံများစွာ ရှိနေသည်။ ထိုစင်မြင့်၏ အပေါ်တွင် ဧရာမ ခရမ်းနီရောင် ဆေးမီးဖို တစ်ခုရှိနေ၏။

ထိုအရာသည် အကြီးအကဲများက တပည့်များအား သင်ကြားပေးရာတွင် အသုံးပြုသည့် ဆေးမီးဖို ဖြစ်သည်။ ရှောင်ယန်သည် အကဲခတ်လိုက်၍ သူ၏ခေါင်းကို ညိတ်လိုက်သည်။ "သူက ကောင်းကင်နှလုံးသား မီးတောက် ဆေးမီးဖိုထက် အနည်းငယ် နိမ့်ကျပေမဲ့ ဒီနေရာမှာ ထားထားတော့ အဆင့်နိမ့်တဲ့ ဆေးမီးဖို မဟုတ်လောက်ဘူး… ဒါပေမဲ့ သူက ရှားပါးတဲ့ ရတနာ တစ်မျိုးလည်း မဖြစ်နိုင်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now