အပိုင်း ၁၀၂၁ မှ ၁၀၃၀

547 41 2
                                    

စာစဥ် ၅၃ : အပိုင်း ၁၁

အပိုင်း ၁၀၂၁ : ကြယ်စင်ပင်လယ် ဝင်ပေါက်အား လုယူခြင်း

အဝါရောင်လွင်ပြင် နဂါးဘုရင်၏ လုံးဝ မမျှော်လင့်ထားသော လွတ်မြောက်သွားမှုကြောင့် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ၊ ကျူးကျန်း မဟာပဏ္ဍိတနှင့် ကျန်သောသူများသည် အနည်းငယ် ကသိကအောက် ဖြစ်သွားကြသည်။

အထူးသဖြင့် ကျူးကျန်း မဟာပဏ္ဍိတသည် ကျောထဲတွင် စိမ့်ကနဲ ဖြစ်သွား၏။

ယခုနေရာတွင် ရှိနေကြသော မဟာမိစ္ဆာများ အကြားတွင် ချုံးချိ မဟာပဏ္ဍိတနှင့် ဥဒေါင်း မဟာပဏ္ဍိတတို့သည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ လက်အောက်တွင် ရှိသဖြင့် အချင်းချင်း ကူညီကြမည် ဖြစ်သည်။ ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတကလည်း ငြင်းဖွယ်ရာမရှိ အစွမ်းအထက်ဆုံး မိစ္ဆာဖြစ်သည်။

ကျူးကျန်း မဟာပဏ္ဍိတသည် တစ်ယောက်တည်း ဖြစ်နေသည်။ စီးရီးယပ် မဟာပဏ္ဍိတသည် လင်းဖုန်းကြောင့် မျက်လုံးတစ်ဘက် ကန်းသွားသည်။ သူ၏ အစစ်အမှန် ပုံစံနှင့် မိစ္ဆာဝိညာဥ်တို့ကပင် ပျက်စီးသွားသည်။ သူသည် ယခုအချိန်တွင် မဟာလွင်တီးခေါင် ကုန်းမြေသို့ ပြန်သွားကာ ဒဏ်ရာများကို ကုစားနေရသဖြင့် ကြယ်စင်ပင်လယ် အတွင်းတွင် သူတစ်ဦးတည်းသာ ကျန်သည်။

အဝါရောင်လွင်ပြင် နဂါးဘုရင် ထွက်ခွာသွား အပြီးတွင် ကျူးကျန်း မဟာပဏ္ဍိတသည် အားအနည်းဆုံး ဖြစ်သွားသည်။

သို့သော်လည်း လင်းဖုန်းနှင့် ကျန်းရီသူတော်စင်တို့ ရွေးချယ်ခဲ့သည့် ပစ်မှတ်မှာ သူတို့အားလုံး၏ မမျှော်မှန်းထားသည့် ပစ်မှတ်ဖြစ်သည်။ သူတို့သည် အားအနည်းဆုံး ဖြစ်သည့် ကျူးကျန်း မဟာပဏ္ဍိတအား လျစ်လျူရှုထားကာ အစွမ်းအထက်ဆုံးဖြစ်သည့် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတကိုသာ ရွေးချယ်ခဲ့သည်။

မဟာမိစ္ဆာ တစ်အုပ်စုမှာ မည်ကဲ့သို့ တွေးရမည်ကို မသိတော့ပေ။

ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတသည် အရှက်ရသကဲ့သို့ ခံစားလိုက်ရကာ အမျက်ဒေါသ ထွက်လာ၏။

သို့သော်လည်း သူ၏ ဒေါသသည် တစ်စက္ကန့်မျှသာ ကြာပြီး ဘာဖြစ်နေသည်ကို လျှင်မြန်စွာနှင့် သဘောပေါက်သွားသည်။ "သူတို့က ကြယ်စင်အုတ်ဂူရဲ့ ကြယ်စင် ဦးခေါင်းခွံတွေကို လိုချင်နေကြတာ မဟုတ်သလို ငါကို ဒဏ်ရာရအောင် လုပ်ချင်နေကြတာလည်း မဟုတ်ဘူး… သူတို့က ကြယ်စင်ပင်လယ် ဝင်ပေါက်ကို လိုချင်နေကြတာ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now