စာစဥ် ၄၈ : အပိုင်း ၁၆
အပိုင်း ၉၂၆ : ပါရမီရှင်တွေမှာ ပြဿနာတွေ အပြည့်နဲ့ပါ
ဟန်ရန်၊ ဟွမ်ကျန်းထင်နှင့် ကျူးကော်ဝမ်ချိုးတို့သည် ရှေ့တန်းမှနေ၍ တိုက်ခိုက်နေကြပြီး တန်ယွင်ချင်းမှာမူ မြစ်ပြင်ဂေဟာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက် ရွှမ်စု တာအိုမန္တန်မှ ဆင်းသက်လာသော တံခါးရှစ်ခု ကြယ်စင်တည်ငြိမ် ဝင်္ကပါအား အသက်သွင်းနေခဲ့သည်။
ချုံးချန်းတို့၏ အလယ်တွင် အလင်းတန်းများ လင်းလက်လာခဲ့ကာ ဧရာမ အရေအတွက်သုံးခု အင်းရှစ်ကွက် ပုံရိပ်တစ်ခုက ပေါ်လာခဲ့သည်။ အလင်းတန်းများက လင်းလက်နေခြင်းနှင့် အတူ ဝင်္ကပါအတွင်းမှ အစွမ်းထက်သော စွမ်းအားတစ်ခုက ထွက်လာခဲ့၍ ချုံးချန်းအားလုံးတို့အား ဖိနှိပ်ထားနိုင်ခဲ့သည်။
မိစ္ဆာဗိုလ်ချုပ် အဆင့်မှ ချုံးချန်းတို့သည် သူ့ကြောင့် မလှုပ်ရှားနိုင်ကြတော့ပဲ သူတို့သည် သတိဝင်နေကြသော်လည်း သူတို့၏ ခန္ဓာကိုယ် အပေါ်မှ အမွေးတစ်ချောင်းကိုမှပင် လှုပ်ရှား၍ မရခဲ့ချေ။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အေးခဲနေသကဲ့သို့ ဖြစ်နေခဲ့သည်။
မိစ္ဆာအုပ်ချုပ်သူ အဆင့်မှ ချုံးချန်းများသည် ဆက်လက်လှုပ်ရှား၍ ရနေသေးသော်လည်း သူတို့၏ အမြန်နှုန်းနှင့် တုံ့ပြန်နိုင်မှုများ အပါအဝင် လှုပ်ရှားမှုများသည် နှေးကွေးသွားကြသည်။
ဟန်ရန်သည် ရယ်ရမ်းသွေးလိုက်ကာ နောက်ထပ် မြောက်ပိုင်းကြယ်စင်၏ ဓားခုနှစ်လက်အား ထုတ်ဖော်လိုက်သည်။ သူအစက ဒဏ်ရာရအောင် ပြုလုပ်ထားသော မိစ္ဆာအုပ်ချုပ်သူ အဆင့်မှ ချုံးချန်းသည် အသက်ပျောက်သွားခဲ့သည်။
ထိုချုံးချန်းသည် ရင်အတွင်းမှ ခံပြင်းနာကျည်းစွာဖြင့် ဟိန်းဟောက်လိုက်၏။ သို့သော်လည်း အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိနေသေးသော ဟန်ရန်သည် သူ၏ခေါင်းအား ဓားချီဖြင့် ထိုးသွင်းလိုက်သည်ကို ကူရာမဲ့စွာနှင့်ပင် ကြည့်နေခဲ့ရသည်။
တန်ယွင်ချင်းကလည်း နောက်ကျ၍ မနေခဲ့ချေ။ တံခါးရှစ်ခု ကြယ်စင်တည်ငြိမ် ဝင်္ကပါအပြီးတွင် မြစ်ပြင်ဂေဟာမှ နောက်ထပ် အစွမ်းထက်သော မှော်ကျိန်စာ တစ်ခုဖြစ်သည့် အဆုံးသတ် သတ်ဖြတ်ခြင်း ဝင်္ကပါအား အသုံးပြုလိုက်ကာ သူ၏ ဂိုဏ်းတူမောင်နှမများအား ထောက်ကူပေးခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...