စာစဥ် ၄၇ : အပိုင်း ၈
အပိုင်း ၈၉၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား အသေးစိတ် လေ့လာသုံးသပ်ခြင်း
သူ၏စကား ဆုံးသည်နှင့် ချင်းရီ သူတော်စင်မယ်က ဖြည်းညင်းစွာနှင့် ပြောလိုက်သည်။ "တောက်ဟန်.. မင်းဒီနှစ်တွေ အတွင်းမှာ လေ့လာခဲ့တဲ့ သုံးသပ်ချက်တွေကို ပြောပြပါဦး.. ဂျူနီယာ ရွှမ်းရီနဲ့ ချင်းနင်တို့က ဒီနှစ်တွေ အတွင်းမှာ တံခါးပိတ်ပြီး လေ့ကျင့်နေကြတယ်.. သူတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ ပတ်သတ်ပြီး သိပ်မသိကြဘူး"
"ဟုတ်ကဲ့ပါ.. ဂိုဏ်းတူဘွားဘွား" လင်းတောက်ဟန်က အနည်းငယ် ဦးညွှတ်လိုက်ကာ ရွှမ်းရီ သူတော်စင်နှင့် ချင်းနင်သူတော်စင်တို့ဘက်သို့ လှည့်လိုက်ကာ ပြောလိုက်သည်။ "ကြည့်ရတာက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဟာ ရည်မှန်းချက် ကြီးကြီးမားမား ရှိနေတယ်.. ဒါပေမဲ့ သူ့က အစွန်းရောက် ဧကရာဇ်၊ သေမင်းဧကရာဇ်နဲ့ ရှေးဟောင်းစေတန် ဂိုဏ်းခေါင်းဆောင်တို့ အဆင့်မျိုးတော့ မရောက်သေးဘူး.. သူ့ကို ထျန်းတိခုံး ဒါမှမဟုတ် ဓားဘိုးဘေးဘီဘင်နဲ့ ပိုတူနေတယ်"
"စူတောင်က ရှုံးနိမ့်သွားပြီ.. သူ့ရဲ့ လက်ရှိစွမ်းအားတွေ အရဆိုရင် သူတို့က အရင်က ကောင်းကင်တံခါးဂိုဏ်းထက် နည်းနည်းပိုသာနေပြီ.. ဒါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်တဲ့ အချက်ကို ထည့်တွက်ထားတယ်.. ကျွန်တော်က အတတ်နိုင်ဆုံးတော့ သူ့ကို ပိုတွက်ထားတယ်"
ချင်းနင်သူတော်စင်က တည်ငြိမ်စွာနှင့် ပြန်ပြောလိုက်သည်။ "ဒါဆိုရင်တော့ ငါတို့က သူတို့ကို ဂျူနီယာကောင်း ပြောထားသလို ဟိုးအရင်တုံးက ကောင်းကင်တံခါးဂိုဏ်းနဲ့ စူတောင်ဓားဂိုဏ်းတို့ကို လုပ်ခဲ့သလိုမျိုး လုပ်ရတော့မယ်နဲ့ တူတယ်"
"ဒါပေမဲ့ ငါကြားထားသလောက် ဆိုရင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေဟာ အမတန်ကိုမှ ထူးချွန်ကြတယ်လို့ ပြောကြတယ်.. အသေးစိတ် ပြောပြပါဦး"
ဟင်းလင်းပြင် ဘုရားကျောင်း၏ အမြင်အရဆိုလျှင် အခြားဂိုဏ်းများ၏ ပါရမီရှင်များသည် သူတို့၏ မျက်လုံးများ အတွင်းတွင် ဘာမှမဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် ဘုရားကျောင်းမှ တပည့်များသည် အခြားသူများထက် များစွာပို၍ ထူးချွန်သောကြောင့် ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...