အပိုင်း ၇၉၁ မှ ၇၉၅

520 50 1
                                    

စာစဥ် ၄၂ : အပိုင်း ၁

အပိုင်း ၇၉၁ : အချိန်မီ ရောက်မလာနိုင်ခဲ့သော ဇူဟုန်ဝူ

အစွန်းရောက်ကောင်းကင် စကြာဝဠာ အလင်းတန်း၏ ထပ်မံ ပိတ်ဆို့မှုကို ခံခဲ့ရသော်လည်း လျှမ်ပန်းသည် တည်ငြိမ်လျက်ပင် ရှိသေးသည်။ "တော်ဝင်နန်းတော်က သူ့ရဲ့ ထိပ်ဆုံးအချိန်ကို ပြန်မရောက်နိုင်သေးတာ နှမြောစရာပဲ"

သူသည် တော်ဝင်နန်းတော် အတွင်းမှ မဟာခန်းမဆောင် အတွင်းတွင် ရှိနေခဲ့သည်။ သူ၏အနားတွင် ခရမ်းရောင် ဓာတ်ငွေ့များက စတင်၍ စီးဆင်းလာခဲ့သည်။ တော်ဝင်ရုပ်ထု တစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုခရမ်းရောင် ဓာတ်ငွေ့များ အတွင်းတွင် ကြီးစိုးလွှမ်းမိုးနိုင်သော စွမ်းအားများကို ခံစားနေရသည်။ အုပ်ချုပ်သူ တစ်ယောက်နှင့် တူနေသော လူသားပုံရိပ် တစ်ခုက ပေါ်ပေါက်လာခဲ့သည်။

လျှမ်ပန်း၏ တိုင်ဧကရာဇ်ထံမှ အမွေဆက်ခံနိုင်ခဲ့သည့် တော်ဝင်ခရမ်းရောင် ဓာတ်ငွေ့များက ပေါ်လာခဲ့သည်။ တော်ဝင်နန်းတော်၏ စွမ်းအားများသည် များစွာပို၍ တိုးတက်လာခဲ့၍ သူ့အား လွှမ်းခြုံထားသည့် ခရမ်းရွှေရောင် အလင်းတန်းများက ပို၍ပို၍ သန်မာလာခဲ့၏။

ကြီးမားလှသည့် စွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးတို့အား တုန်ခါစေခဲ့သည်။ အစွန်းရောက် ဧကရာဇ် ကောင်းကင်ခွဲခြင်းခြင်း မှော်ကျိန်စာမှ ထုတ်လွှတ်ထားသော ကစဥ့်ကလျား စက်လုံးသည် ဤအချိန်တွင် လုံးဝကို အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

ကစဥ့်ကလျား စက်လုံးသည် နှစ်ပိုင်း ပိုင်းသွားခဲ့သည်။ ထိုအပိုင်း နှစ်ပိုင်းတို့သည် ပြီးပြည့်စုံသော ပို၍သေးငယ်သည့် စက်လုံးနှစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဤဖြစ်စဥ်သည် မူလကောင်းကင် ကမ္ဘာကြီးသည် နတ်ဘုရားနယ်မြေနှင့် မဟာလွင်တီးခေါင် ကုန်းမြေ အဖြစ်သို့ ကွဲသွားခဲ့သည့် မြင်ကွင်းကို ပြန်လည် ဖော်ပြနိုင်ခဲ့သည်။

အဆုံးမဲ့ စိတ်ဝိညာဥ် စွမ်းအင်တို့သည် ပျက်စီးသွားခဲ့၍ ဧရာမ လေဟာနယ် နယ်နိမိတ်များက စတင်၍ ပြိုကွဲသွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now