အပိုင်း ၁၁၀၁ : နတ်ဆိုးဝိညာဥ်၏ အမျက်ဒေါသ

229 27 0
                                    

စာစဥ် ၅၇ : အပိုင်း ၁၁

အပိုင်း ၁၁၀၁ : နတ်ဆိုးဝိညာဥ်၏ အမျက်ဒေါသ

လင်းဖုန်း၏ မိုးကြိုးနဂါး ကိုယ်ပွားမှ ထုတ်လွှတ်လိုက်သော ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာ၏ အစွမ်းများအောက်တွင် သေမင်းဧကရာဇ်၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း မြင့်တက်လာကာ အနက်ရောင် ဝဲကတော့ထံမှ ချိုးဖောက်သွားတော့မည်ဟု ထင်နေရသည်။

ယန်နန်းလိုင်နှင့် ချင်းရီ သူတော်စင်မယ်တို့ကလည်း အနီရောင် အလင်းတန်းများဖြင့် လင်းလက်နေသည့် အနက်ရောင် ဝဲကတော့အား စိုက်ကြည့်လိုက်ကြသည်။ "သူ့ရဲ့ ပြန်လည် ဝင်စားနိုင်မှုနဲ့ အရင်က ကျင့်ကြံမှု စွမ်းရည်တွေကို ပြန်လည် ရရှိနိုင်ခဲ့တာက တကယ်ပဲ ငရဲကမ္ဘာ ပင်လယ်နဲ့ ဆက်စပ်နေတယ်"

သေမင်းဧကရာဇ်သည် သူ၏အရှေ့မှ မြင်ကွင်းအား ကြည့်လိုက်ကာ နှာတစ်ချက် မှုတ်လိုက်၍ သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး အပေါ်သို့ ထပ်မံ၍ မလွင့်မျောသွားအောင် တားဆီးလိုက်သည်။

သို့သော်လည်း လင်းဖုန်းသည် ကောင်းကင်ဖျက်ဆီး ဓားဝင်္ကပါအား အသက်သွင်းလိုက်ကာ သူ့အပေါ်သို့ ဖိချခဲ့ပြီ ဖြစ်သည်။ ခက်ထန်၍ ကြမ်းကြုတ်သော ဓားအော်ရာသည် သူ့အား အလွန်တရာမှ မွန်းကျပ်စေခဲ့သည်။

အခြားတစ်ဘက်တွင် လင်းဖုန်း၏ မိုးကြိုးနဂါး ကိုယ်ပွားသည် ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာအား ဆက်လက်၍ ထုတ်ဖော်နေသည်။ မှော်စွမ်းအင်များ တစ်တန်းပြီးမှ တစ်တန်း ကျလာကြကာ သေမင်းဧကရာဇ်အား လွှမ်းမိုးထား၍ သူ၏ ခန္ဓာကိုယ်ကလည်း အနက်ရောင် ဝဲကတော့ အပေါ်သို့ ပြန်ပေါ်လာသည်။

တစ်ဘက်တွင် ရပ်နေသော ချင်းရီ သူတော်စင်မယ်သည် ရှည်လျားစွာ အော်ဟစ်လိုက်ရာ သူမ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ ချန်ကောင်းကင် မဟာဟင်းလင်းပြင် နတ်ဘုရား အလင်းတန်းတို့က ဘေးသို့ ပျံ့နှံ့လာသည်။ သူမ၏ လက်ဝါးအစုံကို ပူးကပ်လိုက်ရာ ထိုထူးခြားဆန်းကြယ်သော အလင်းတန်းများက သူမအား လွှမ်းခြုံသွားသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now