အပိုင်း ၆၈၆-၆၈၇-၆၈၈-၆၈၉-၆၉၀

586 49 0
                                    

စာစဥ် ၃၆ : အပိုင်း ၁၆

အပိုင်း ၆၈၆ : နောက်တစ်ဆင့်သို့ တက်ရောက်နိုင်သော နောက်ဆုံးသူ

ဒုတိယ အဆင့်မှ ပြိုင်ပွဲသည် ပြင်းထန်လှသော်လည်း အဆုံးပိုင်းသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သတ်ဖြတ်ခြင်း ခံလိုက်ရ၍ အပယ်ဖျက် ခံလိုက်ရသော လက်စွပ်အချို့မှလွဲ၍ ချုံးချိတို့ထံမှ ရွှေလက်စွပ်များသည်လည်း ကျင့်ကြံသူတို့ထံသို့ ကျရောက်သွားကြပြီ ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံသူများသည် အချင်းချင်း ပစ်မှတ်ထားကြကာ တစ်ယောက်ထံမှ ရွှေလက်စွပ်များကို တစ်ယောက်က လုယူနေကြခြင်း ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ရှုယွင်စန်းသည် နောက်တစ်ဆင့်သို့ ထိပ်ဆုံး တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။ သူသည် ရွှေလက်စွပ် အချို့ကို ချုံးချိများထံမှ ရရှိလာခဲ့၍ အချို့ကို အခြားကျင့်ကြံသူများနှင့် ယှဥ်ပြိုင်၍ ရလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ရွှေလက်စွပ်ဆယ်ကွင်း ထိပ်ဆုံး ပြည့်သွားခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တောက်ယုတင်းသည် အနည်းငယ် နောက်ကျသွားခဲ့သည်။ သူမသည် ဒုတိယအဆင့်ကို ကျော်ဖြတ်သည့် အချိန်သည် ရှုယွင်စန်းနှင့် အတူတူလောက်ပင် ဖြစ်သော်လည်း သူမသည် ကြယ်စင်ရတနာ စေတီကို တက်ရောက်ခဲ့ရာတွင် အချိန်အနည်းငယ် ပိုယူခဲ့ရသဖြင့် ရှုယွင်စန်းထက် ပိုနှေးသွားခဲ့၏။

အားလုံးတို့၏ မျက်စိကျခြင်းကို ခံခဲ့ရသူမှာ တတိယမြောက်သူ ဖြစ်သော ချန်းရှင်းယု ဖြစ်သည်။ သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များမှသာ ထိပ်ဆုံးသုံးနေရာကို သိမ်းပိုက်ခြင်းမှ ကာကွယ်နိုင်ခဲ့သည့် အပြင် သူ၏ ဒုတိယအဆင့်မှ ရွှေလက်စွပ်များသည် ချုံးချိများကို အမဲလိုက်ခြင်းမှ ရရှိလာခြင်း ဖြစ်သည်။

အစမှနေ အဆုံးအထိ သူသည် အခြားကျင့်ကြံသူများ တစ်ယောက်ကိုမှ မတိုက်ခိုက်ခဲ့ပေ။ သူသည် အခြားသူများမှ မလုယူခဲ့သည့်အပြင် မည်သူကမှလည်း သူ့ထံမှ လုယူ၍ မရခဲ့ချေ။ သူသည် နောက်ထပ် ကျင့်ကြံသူ တစ်ယောက်နှင့်မှ မဆက်ဆံခဲ့သကဲ့သို့ ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now