အပိုင်း ၈၇၈ : မင်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု

340 36 0
                                    

စာစဥ် ၄၆ : အပိုင်း ၈

အပိုင်း ၈၇၈ : မင်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု

ဤတိုက်ပွဲအား ကြည့်နေခဲ့ကြသူ အားလုံးတို့သည် သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာဖြင့် ဖွင့်ထားခဲ့သည်။ ဟင်းလင်းပြင် ဘုရားကျောင်းမှ သဘာဝလွန် အသိစိတ်များကပင် တုန်ခါလာကြကာ ဤတိုက်ပွဲအား အာရုံစိုက်ကာ ကြည့်ရှုနေကြသည်။

လျှပ်စီးဓားမာစတာ၊ မဟာ လွင်တီးခေါင် ဓားမာစတာ၊ အလင်းဓားမြန် ဓားမာစတာနှင့် ကျန်သောသူများသည် အခြားသူများထက် ပိုမို၍ ဤတိုက်ပွဲ၏ ဆွဲဆောင်မှုကို ခံခဲ့ရသည်။

သူတို့၏ ခံစားချက်များသည် စီးဆင်းနေကြ၍ ထိုခံစားချက်များသည် လွန်စွာ ရှုပ်ထွေးနေကြသည်။

လင်းဖုန်းသည် သူ၏ ဓားကို ကိုင်ထား၍ သူထုတ်လွှတ်နေသော မှေးမှိန်သည့် ဓားအလင်းတန်းသည် ကမ္ဘာကြီးအား အဆုံးသတ်နိုင်သကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။

ကောင်းကင်နှင့် မြေကြီးတို့မှနေ၍ တေးသံ တိုးတိုးလေး ပေါ်လာသကဲ့သို့ ထင်နေရသည်။ သူသည် ကမ္ဘာကြီး၏ အဆုံးသတ်ကို ဖော်ပြနေသည့် သီချင်းအား သီဆိုနေသကဲ့သို့ စိတ်မကောင်းစရာ ဖြစ်နေခဲ့သည်။

ထိုဖျက်ဆီးနိုင်လွန်းသည့် ဓားချက်သည် ထျန်းကန်း ဓားကြယ်စင်မြစ်နှင့် ထိခိုက်ခဲ့သော်လည်း အသံတစ်စက်မှ ထွက်မလာခဲ့ပေ။

ယခုအချိန်တွင် ဟင်းလင်းပြင် အတွင်း၌ တိတ်ဆိတ်မှုများဖြင့် ပြည့်နေခဲ့သည်။ ယုကျင်းတောင်နှင့် အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါ၊ ရှင်းလုံစန်းနှင့် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါတို့၏ တိုက်ခိုက်နေကြသော တိုက်ပွဲများ၏ အသံကိုပင် မကြားနိုင်ခဲ့ပေ။

ဤကဲ့သို့သော တိတ်ဆိတ်မှုအောက်တွင် လေးသည် ထျန်းကန်း ဓားကြယ်စင်မြစ်အား ချိုးဖျက်သွားနိုင်ခဲ့သည်။

မရေမတွက်နိုင်သော ထျန်းကန်း ဓားကြယ်စင်များသည် ပျက်စီးသွားကြကာ ဓားဝင်္ကပါများ အဖြစ်သို့ ပြန်ပြောင်းသွားကြသည်။ ပြီးတာနှင့် ထိုဓားကြယ်စင်များက ကြေမွသွားကြကာ ဓားအလင်းတန်းများ အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထိုဓားအလင်းတန်းများကလည်း ဓားအော်ရာများ အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ကာ ပါးလျသော ဓားအော်ရာ များအဖြစ်သို့ ပြန်ပြောင်းသွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDove le storie prendono vita. Scoprilo ora