စာစဥ် ၅၇ : အပိုင်း ၁၃
အပိုင်း ၁၁၀၃ : မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်းလား
ပြင်းထန်စွာဖြင့် ခက်ထန်နေသော ငရဲကမ္ဘာ ပင်လယ်မှ လှိုင်းလုံးများက ရိုက်ခတ်လာ၍ အနီရောင် ကစဥ့်ကလျား ဟင်းလင်းပြင်ကို ကြေမွစေသည်။ ရှောင်ယန်နှင့် ဝူမန့်ချီတို့ကပင် ကောင်းကင် ကပ်ဘေးနှင့် ဆက်လက်၍ ဆက်သွယ်နိုင်စွမ်း မရှိတော့ပေ။
ယန်နန်းလိုင်နှင့် ချင်းရီ သူတော်စင်မယ်တို့ကလည်း ငရဲကမ္ဘာ ပင်လယ် စွမ်းအားများ၏ ပိတ်ပင် တားဆီးခြင်းကို ခံလိုက်ရကာ ရှေ့ဆက်မတိုးနိုင်တော့ပဲ ဝင်ရောက်လာသော တိုက်ခိုက်မှုများကိုသာ ကာကွယ်နေရသည်။
လင်းဖုန်းက မျက်မှောင်များကို ကြုတ်လိုက်ရာ သူ၏ မျက်လုံးအစုံက လင်းလက်လာသည်။ သူ၏ နည်းစနစ်များကို ထုတ်ဖော်လိုက်၍ ငရဲကမ္ဘာ ပင်လယ်၏ လှိုင်းလုံးများကို ခုခံနေရင်း သူ၏ ကောင်းကင်ဖျက်ဆီး ဓားဝင်္ကပါအား သေမင်းဧကရာဇ်ထံသို့ ဦးတည်လိုက်သည်။
သေမင်းဧကရာဇ်သည် သေခြင်းနှင့် ရှင်ခြင်းစာအုပ်ကို ဆင့်ခေါ်လိုက်ကာ နက်ရှိုင်းစွာ အော်ဟစ်လိုက်သည်။ ငရဲကမ္ဘာ ပင်လယ်၏ ကစဥ့်ကလျား ကပ်ဘေးများ အကြားတွင် သူသည် သွေးများဖြင့် ပက်နေသကဲ့သို့ လည်ပတ်နေသော အနက်ရောင် အလင်းတန်းများကို ထုတ်ဖော်နိုင်ခဲ့သည်။
သို့သော်လည်း သေမင်းဧကရာဇ်သည် မတုန်လှုပ်သွားခဲ့ပေ။ မာန်ပြင်းလှသော လှိုင်းလုံးများသည် မကြာမီ အရာအားလုံးတို့အား ဝါးမျိုသွားသည်။ ပြင်းထန်စွာ တုန်ခါမှု အောက်တွင် သူ၏ မျက်လုံးများသည် အနီရောင် အလင်းတန်း တစ်ခုဖြင့် လင်းလက်လာသည်။
ထိုအနီရောင် အလင်းတန်းသည် ကောင်းကင် ကပ်ဘေးထံမှ အလင်းရောင်နှင့် အတော်ဆင်တူ၍ မယုံနိုင်အောင် တောက်ပလှကာ မကျော်လွှားနိုင်သော အခက်အခဲများကို ရုန်းကန်နိုင်သကဲ့သို့ ဆန္ဒကို ထုတ်ဖော်နေသည်။
ခဏအကြာတွင် သေမင်းဧကရာဇ်ထံမှ အနီရောင် အလင်းတန်းများသည် ရုတ်ခြည်း ပေါက်ကွဲလာ၍ ရက်စက်သော လှိုင်းလုံးများ အကြားတွင် စီးမျောနေသည့် အနီရောင် အလင်းစက်များကဲ့သို့ ပြောင်းသွားသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...