စာစဥ် ၅၅ : အပိုင်း ၁၈
အပိုင်း ၁၀၆၈ : သေမင်းဧကရာဇ် လိုချင်နေသော အရာ
အကယ်၍ ကျင့်ကြံသူ တစ်ယောက် နှစ်ယောက်တို့ကသာ ထူးချွန် ထက်မြက်နေလျှင် တိုက်ဆိုင်မှု ဖြစ်နိုင်သည်။ အကယ်၍ အချိန်နှင့် အမျှ အခြား မျိုးဆက်များတွင်လည်း မရေမတွက်နိုင်သော ပါရမီရှင်များ ပေါ်ထွက်လာလျှင် ဒါသည် မျိုးစဥ်ဘောင်ဆက်နှင့် ပတ်သတ်နေရမည်။ သို့သော်လည်း ဆယ်စုနှစ် တစ်ခုအတွင်းတွင် ပါရမီရှင်များ တစ်အုပ်စု ပေါ်ပေါက်လာခဲ့လျှင် ဒါသည် တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်တော့ချေ။
"ဒွိစုံသူငယ်အိမ်နဲ့သူကို ရှီထျန်းဟောင်က သတ်ခဲ့အပြီးမှာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ မြင့်တက်လာတဲ့ ပါရမီရှင်တွေ အထဲမှာ ချန်းရှင်းယုနဲ့ ကောချောင်ယန်တို့သာ ကျန်တော့တယ်… ဟင်းလင်းပြင် ဘုရားကျောင်း အပေါ်မှာ ငါတို့ရဲ့ နားလည်မှုက အကန့်အသတ် ရှိတယ်… ဒါပေမဲ့ သူတို့ရဲ့ ပါရမီရှင်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းလောက်တော့ မများလောက်ဘူး… ဒါတောင်မှ ငါတို့ရဲ့ အရှေ့က လူတွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ပါရမီရှင်တွ အကုန် မဟုတ်သေးဘူး"
"ငါတို့ ဂိုဏ်းအထဲမှာ ကျန်းအာ အပြီးမှာ လျှန်ချန်း တစ်ယောက်ပဲ ကျန်တော့တယ်"
"နံပါတ်ကိုး ဦးလေး… နှစ်ဦးနှစ်ဘက်တို့ရဲ့ စွမ်းအားတွေက မတိမ်းမယိမ်း ဖြစ်နေပေမဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ အလားအလာတွေက ဟင်းလင်းပြင် ဘုရားကျောင်းထက် ပိုကောင်းတယ်"
ဂူယွမ်ခိုင်က တည်ငြိမ်လျက်ပင် ရှိသေး၏။ သူကဲ့သို့သော တစ်စုံတစ်ယောက်ကို အခြားသူများ၏ စကားလုံးများက အလွယ်တကူ လှုပ်ရှားနိုင်မည် မဟုတ်ချေ။ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"တစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ မြင်ရတာက ပိုကောင်းတယ်… ငါက အရင်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ပိုတွက်ထားတယ်လို့ ဝန်ခံရလိမ့်မယ်… ဒါပေမဲ့ နောက်ဆုံးမှာ ငါက သူတို့ကို လျှော့တွက်မိနေသေးတယ်… သူတို့က ငါတို့ ခန့်မှန်းထားတာထက် ပိုပြီးမှ သန်မာနေတယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...