အပိုင်း ၁၀၅၅ : လက်ရှိမျိုးဆက်၏ သခင်

269 29 0
                                    

စာစဥ် ၅၅ : အပိုင်း ၅

အပိုင်း ၁၀၅၅ : လက်ရှိမျိုးဆက်၏ သခင်

ခရမ်းရောင် ဓာတ်ငွေ့များ ကျဆင်းလာချိန်တွင် ပါရမီ ဇန်မာစတာက အာရုံစိုက်ထားသည်။

သူ၏ လက်ရှိအဆင့်ဖြင့် သူသည် ကောင်းကင်နှင့် မြေကြီးတို့မှ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူနိုင်သဖြင့် သူ၏ စွမ်းအားများက ကုန်ခန်းသွားသော အခြေအနေက ရှားပါးသည်။

သို့သော်လည်း ခြွင်းချက်များက နေရာတိုင်းတွင် ရှိသည်။ ကောင်းကင်နှင့် မြေကြီးတို့၏ စိတ်ဝိညာဥ် စွမ်းအင်များသည် အဆုံးမဲ့သော်လည်း ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားများ အပေါ် မူတည်၍ သူတို့အား စုပ်ယူနိုင်စွမ်းက ကွဲပြားသည်။

အချိန်တစ်ခု အတွင်းတွင် အကယ်၍ တစ်ယောက်၏ မှော်စွမ်းအင် သုံးစွဲမှုသည် စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူမှုထက် များပြားနေပါက အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ကပင် တောင့်ခံနိုင်မည် မဟုတ်ချေ။

ကျင့်ကြံသူ တစ်ယောက်သည် နောက်တစ်ဆင့်သို့ တက်လှမ်းနေလိုလျှင် သူ့တွင် လုံလောက်သော မှော်စွမ်းအင် စုဆောင်းမှုများ ရှိရမည် ဖြစ်သည်။

နည်းစနစ် အမျိုးမျိုးကို ကျင့်ကြံထားသော သူများသည် မှော်စွမ်းအင် စုဆောင်းမှု အမျိုးမျိုးကို လိုအပ်မည် ဖြစ်သည်။ ပါရမီ ဇန်မာစတာ၏ လက်ရှိ အခြေအနေအရ သူ၏ စွမ်းအားများ ကုန်ခန်းနေမှုသည် ပြန်လည် ဖြည့်တင်းနိုင်စွမ်းထက် များစွာ ပိုမြန်နေသည်။

သို့သော်လည်း ဤခရမ်းရောင် ဓာတ်ငွေ့များ ဆင်းသက်လာသော အခါ ပါရမီ ဇန်မာစတာသည် ကွဲပြားခြားနားသော အရာတစ်ခုအား ခံစားလိုက်ရသည်။ လင်းဖုန်းက သူ့အား မှော်စွမ်းအင်များကို အားဖြည့်ပေးနေခြင်း မဟုတ်ပေ။

ထို့အစား ခရမ်းရောင် ဓာတ်ငွေ့၏ လွှမ်းခြုံမှုအောက်တွင် ပါရမီ ဇန်မာစတာ၏ စိတ်ဝိညာဥ် စွမ်းအင်များကို မှော်စွမ်းအင် အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းမှာ များစွာ လျင်မြန်သွားသည်။

ဤကဲ့သို့ ပြုလုပ်နိုင်ရန် အတွက် လင်းဖုန်း၏ စွမ်းအားများသည် လုံလောက်အောင် သန်မာနေရန်သာ မက သူ၏ ဗုဒ္ဓဝါဒအား နားလည်မှုကလည်း လုံလောက်အောင် နက်ရှိုင်းနေရမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now