စာစဥ် ၄၅ : အပိုင်း ၁
အပိုင်း ၈၅၁ : အတားအဆီး အားလုံးတို့ကို ကိုယ်တိုင်ဖြတ်ကျော်ခြင်း
ကျောက်စိမ်းရောင် အရိုးဦးခေါင်းသည် ချင်းစန်းဘုရင်၏ ဦးခေါင်းပုံစံ အလင်းတန်း ပုံရိပ်တစ်ခုကို ဖော်ပြထားသည်။ ယခုအချိန်တွင် သူသည် အလွန်အမင်းကို အားနည်းနေခဲ့သည်။ သို့သော်လည်း သူသည် ဒဏ်ရာများက ဖြည်းဖြည်းချင်း သက်သာလာနေခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် ကျောက်စိမ်းရောင် မီးတောက်များဖြင့် တဖြည်းဖြည်း လောင်ကျွမ်းနေခဲ့ကာ တဖြည်းဖြည်းနှင့် အသွင်သဏ္ဌာန် ခြောက်မျိုး အရိုးမီးတောက် ဘုရင်၏ ပုံစံသို့ ပြန်ပြောင်းနေခဲ့သည်။
အရိုးဖြူဂိုဏ်း၏ သေမင်း အစားထိုးခြင်း မှော်ကျိန်စာသည် ထူးခြား၍ ခန့်မှန်းရခက်ခဲသည်။ အကယ်၍ ရှီထျန်းဟောင်သည် သူက ချင်းစန်းဘုရင်အား သတ်နိုင်ခဲ့ပြီဟု ထင်နေခဲ့ပါက သူသည် ဆဋ္ဌဂံ အရိုးဖြူ စေတီနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့မည် ဖြစ်သည်။ သူ၏ စွမ်းအားများသည် အလွန်အမင်း အားနည်းနေခဲ့ပြီ ဖြစ်သော်လည်း အချိန်နှင့်အမျှ ပြန်လည် အားပြည့်လာကြမည် ဖြစ်သည်။
သို့သော်လည်း ရှီထျန်းဟောင်၏ နောက်ဆုံး မြင့်မြတ်သော အလင်းတန်းသည် ချင်းစန်းဘုရင်၏ စင်စင် ဖြစ်တည်မှုအား သတ်ဖြတ်ခဲ့ပြီး နောက်တွင် ထူးခြားသော တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ဆဋ္ဌဂံ အရိုးဖြူ စေတီက ထွက်ပြေးရန် ကြိုးစားနေသည်ကို တွေ့လိုက်သည့် အခါတွင် အဘယ်မှာ မရိပ်စားမိပဲနှင့် နေနိုင်ပါမည်နည်း။
ခွန်းဖန်ခန်းမဆောင်သည် ဆဋ္ဌဂံ အရိုးဖြူ စေတီအား တားဆီးလိုက်ကာ ရှီထျန်းဟောင်က သူ၏ လက်သီးဖြင့် ကျောက်စိမ်းရောင် အရိုးဦးခေါင်းကို ထိုးလိုက်သည်။
ကျောက်စိမ်းရောင် အရိုးဦးခေါင်းသည် ဧရာမ အရိုးဖြူကြီး တစ်ခုအား ရှီထျန်းဟောင်ထံသို့ မှုတ်ထုတ်လိုက်သည်။ အရိုးတစ်ခုလုံးသည် သလင်းကျောက်ကဲ့သို့ ထွင်းဖောက်မြင်နေရသည်။ သူမှနေ၍ ငါးညှီနံ့ကို ထုတ်လွှတ်နေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...