စာစဥ် ၄၂ : အပိုင်း ၆
အပိုင်း ၇၉၆ : လက်ရှိ စိုးရိမ်ပူပန်မှုများ
လင်းဖုန်း၏ စကားများကို ကြားရအပြီးတွင် ယွဲ့ဟုန်ယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အခြေတည် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အတွက် အင်မော်တယ်ဝိညာဥ် အဆင့်မှ မှော်ရတနာ တစ်ပါးသည် တစ်ယောက်ရရှိနိုင်သည့် အစွမ်းအထက်ဆုံး စွမ်းအားဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ဒါသည် အထူးသဖြင့် စဦးပိုင်း အဆင့်မှ သူများအတွက် ပိုမို အသုံးဝင်သည်။ သူတို့သည် ဤမှော်ရတနာ၏ အစွမ်းကို အဆုံးစွန် အသုံးပြုနိုင်ခြင်း မရှိသော်လည်း သူတို့အတွက် တန်ဖိုးအလွန် ကြီးမားသည်။
အကယ်၍ သင့်တော်စွာ အသုံးပြုနိုင်ခဲ့လျှင် သူသည် ကျင့်ကြံသူ ကိုယ်တိုင်ထက်ပင် ပို၍ အစွမ်းထက်နေနိုင်သည်။
အခြေတည် ဝိညာဥ် စဦးပိုင်း အဆင့်မှာပင် မှော်ရတနာ တစ်ပါးအား ရရှိသည့်အတွက် ယွဲ့ဟုန်ယန်သည် အမတန်မှ ပျော်ရွှင်နေခဲ့သည်။ သူမသည် သူမ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ထားလေ့ မရှိသောသူ တစ်ယောက်ဖြစ်သဖြင့် သူမသည် တောက်ပစွာနှင့် ပြုံးနေခဲ့သည်။
လင်းဖုန်းသည် ယွဲ့ဟုန်ယန်က အခြေတည် ဝိညာဥ်အား ဖန်ဆင်းနေသည်ကို သိလိုက်ကတည်းက သူမအား မည်သည့်ရတနာကို ပေးမည်ဟူ၍ စဥ်းစားထားပြီးသား ဖြစ်သည်။
သူ့လက်ရင်းတပည့်များကို အခြေခံအုတ်မြစ် အဆင့်မှစ၍ ရွှေရောင်ဗဟိုချက် မှော်အိုင်တမ်တို့ကို ပေးခဲ့သောအခါ လင်းဖုန်းသည် သူတို့နှင့် သင့်တော်မည့် အရာများကို အသေအချာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီကာ သူတို့၏ စွမ်းအားများကို တိုးတက်စေနိုင်မည့် အိုင်တမ်များကို ပေးခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့အားနည်းနေသည့် နေရာများကို အားဖြည့်ပေးနိုင်သည့် အရာများကို ပေးထားခဲ့သည်။ သူပေးခဲ့သော အရာများ အားလုံးတို့သည် ကျပန်းရွေးချယ်ခဲ့ခြင်း မဟုတ်ခဲ့ပေ။
ဥပမာအားဖြင့် ရှောင်ယန်၏ တိုက်ခိုက်မှုများသည် ပြင်းထန်လှသော်လည်း သူ၏ ခံစစ်မှာမူ အားနည်းပေသည်။ ထို့ကြောင့်ပင် လင်းဖုန်းကသူ့အား ခံစစ်အရာတွင် အားကောင်းသည့် ပလ္လင်ငါးပါး နတ်ဘုရား အထိမ်းအမှတ်ကို ပေးခဲ့ခြင်း ဖြစ်သည်။ ဒါသည် သူ၏ ခံစစ်စွမ်းအားများကို တိုးတက်စေ၍ မတော်တဆမှုများ မဖြစ်စေရန် ကာကွယ်ပေးထားခြင်း ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...