အပိုင်း ၈၄၆ မှ ၈၅၀

404 39 3
                                    

စာစဥ် ၄၄ : အပိုင်း ၁၆

အပိုင်း ၈၄၆ : သည်းမခံနိုင်သော အခြေအနေ

ချိုင်ဖန်းကျိုးသည် ဝမ်ချီယန်၏ အလင်းတန်း ပုံရိပ်အောက်တွင် ထိုင်နေခဲ့ကာ မှော်ကျိန်စာ တစ်ခုကို ထုတ်ဖော်လိုက်ပြီး သူ၏ မှော်စွမ်းအင်များကို သူ၏အပေါ်မှ အဆောင်လက်ဖွဲ့ အတွင်းသို့ ထည့်သွင်းလိုက်သည်။ သူက ငြိမ်သက်စွာနှင့် ပြောလိုက်သည်။ "လင်းဖုန်းကလည်း ဒီနေရာမှာ ပိတ်မိနေမှာပဲ.. သူ့ကို သတိထားမှ ရမယ်"

ရွှမ်းလင်သူတော်စင်က သူ၏ခေါင်းကို ခါလိုက်သည်။ "သူက ငါတို့ကို ဒီနေရာမှာ ရှာမတွေ့နိုင်ဘူး.. တကယ်လို့ သူက ဟိုဟေးဒီးစ်သားရဲနဲ့ တကယ်ပဲ ပတ်သတ်နေရင် သူက ဟေးဒီးစ်ဧကရာဇ် ဖျက်ဆီးမှုတွေ ပြုလုပ်ထားတဲ့ နေရာကိုတော့ ရှာတွေ့နိုင်တယ်"

"အဲ့ဒီနေရာမှာ သူက ဘာတွေဖြစ်နေသလဲ ဆိုတာကို သိခဲ့ရင်တောင်မှ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး"

ထိုက်ရီသူတော်စင်က သူ၏ မျက်လုံးများကို မှိတ်ထားခဲ့ရင်း သိမ်မွေ့စွာနှင့် ပြောလိုက်သည်။ "ဒီလိုမျိုး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတာ လူသားမျိုးနွယ်စုတွေရဲ့ ကံကောင်းမှု တစ်ရပ်ပဲ.. ငါတို့က သူ့ကို အခက်တွေ့အောင် လုပ်စရာ မလိုဘူး.. ငါတို့က ဒီနေရာမှာ လုပ်စရာရှိတာ လုပ်ပြီးသွားရင် သူ့ကို ဝိညာဥ်ပင်လယ် အတွင်းကနေ ခါချပေးလိုက်မယ်"

ကျန်းရီသူတော်စင်က ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ ဟင်းလင်းပြင် ဘုရားကျောင်း အတွက်ကတော့ ကံကောင်းမှုတစ်ရပ် မဟုတ်ဘူး.. သူ့ရဲ့ ယုကျင်းတောင်က ဟင်းလင်းပြင် လေဟာနယ် အတွင်းမှာ ပုန်းအောင်းနိုင်တယ်.. ငရဲကမ္ဘာ ဧကရာဇ်ရဲ့ အလယ်ကမ္ဘာနဲ့အတူ သူတို့ဟာ အန္တိမ ကောင်းကင်ကြေးမုံကို မကြောက်တဲ့ နေရာအချို့ အထဲမှာ ပါတယ်.. ငရဲကမ္ဘာ ဧကရာဇ်ရဲ့ အလယ်ကမ္ဘာက ရွေ့လျားလို့ မရပေမဲ့ ယုကျင်းတောင်ကတော့ ကြိုက်တဲ့နေရာ သွားလို့ရတယ်"

ရွှမ်းလင်သူတော်စင်က ပြန်ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်တော်တို့က ဝိညာဥ်ပင်လယ်ကို အပြည့်အဝ ထိန်းချုပ်ပြီးသွားရင် သူ့ကို ဒီနေရာမှာ ခဏလောက် ချုပ်ထားလိုက်မယ်.. ကျွန်တော်တို့က ယုကျင်းတောင်ကို ထိန်းချုပ်သွားပြီးမှ ဒီနေရာကနေ သူ့ကို ပြန်ထုတ်လိုက်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now