စာစဥ် ၃၉ : အပိုင်း ၆
အပိုင်း ၇၃၆ : စစ်ပွဲ၏ အကျိုးအမြတ်များ
ကျင်းဟွမ်အမတ်၏ ထိန်းချုပ်မှု မရှိတော့သောအခါ အင်မော်တယ် တော်ဝင်အလံ၊ နတ်ဘုရား သတ်ဖြတ်သူ ရုပ်သေးရုပ်နှင့် မဟာရေခဲ လမင်းပေတံတို့သည် ခေတ္တမျှ ရပ်တန့်သွားခဲ့ကာ သားရဲတို့၏ လက်မှ ထွက်ပြေးနေကြသော သားကောင်များကဲ့သို့ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားကြသည်။
ရှောင်ကျန်းအာနှင့် ကျန်သောသူများသည် ခြေတစ်လှမ်း ပိုစောနေကြကာ အစွမ်းကုန် ကြိုးစား၍ ထိုမှော်ရတနာများကို ဖိနှိပ်ခဲ့ကြသည်။
ကျင်းဟွမ်အမတ်၏ လက်အောက်မှ ကျင့်ကြံသူများသည် ကြွက်များကဲ့သို့ နေရာအနှံ့ ထွက်ပြေးသွားကြ၏။ မည်သူကမှလည်း သူတို့အား အမှုမထားခဲ့ကြပေ။
ယန့်မင်းရွဲ့သည် တောက်ပစွာနှင့် ပြုံးလိုက်ကာ အဖြူနှင့် အနက်ရောင် မှော်စွမ်းအင် စီးကြောင်းများက ထွက်လာခဲ့ကာ ကျန်သောသူများ၏ အင်မော်တယ် တော်ဝင်အလံနှင့် ကျန်သော မှော်ရတနာများအား ဖမ်းဆီးနေခြင်းကို ကူညီခဲ့လိုက်သည်။
ရှောင်ယန်သည် ရောင်ခြည်နတ်ဆိုး အာဏာရှင်ဓားအား ပြန်လည် သိမ်းဆည်းလိုက်ကာ ပလ္လင်ငါးပါး နတ်ဘုရား အထိမ်းအမှတ်သည် သူ၏ခေါင်းပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့၍ သူ၏ ရောင်စဥ်ငါးမျိုး ရတနာ အလင်းတန်းဖြင့် သူ့အား လွှမ်းခြုံထားခဲ့သည်။
ရှောင်ယန်သည် ဤတိုက်ပွဲအပြီးတွင် အားအင်ကုန်ခမ်းသွားခဲ့၍ ဒူးများပင် ခွေနေခဲ့သည်။ သို့သော်လည်း ပလ္လင်ငါးပါး နတ်ဘုရား အထိမ်းအမှတ်က သူ့အား မပြိုလဲသွားစေရန် ထောက်မပေးထားခဲ့ကာ သူ၏ ကိုယ်ပိုင် မီးတောက်ပင်လယ် အတွင်းသို့ ကံဆိုးစွာဖြင့် ပြုတ်မကျသွားအောင် ကာကွယ်ပေးထားခဲ့၏။ မဟုတ်လို့ရှိလျှင် လုံးဝကို ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့မည် ဖြစ်သည်။
ဤတိုက်ပွဲသည် ကျင်းဟွမ်အမတ်အား ဘာမှ မကျန်ရစ်တော့သည့်အထိ ဖျက်ဆီးခဲ့သည်နှင့် တူနေခဲ့၏။ အင်မော်တယ် တော်ဝင်အလံ၊ နတ်ဘုရား သတ်ဖြတ်သူ ရုပ်သေးရုပ်နှင့် မဟာရေခဲ လမင်းပေတံနှင့် အစွန်းရောက် ဧကရာဇ်၏ နတ်ဘုရား ခန္ဓာကိုယ် ချပ်ဝတ်တန်ဆာကပင် သူ၏ခန္ဓာကိုယ်အပေါ်မှ ချွတ်ခြင်းကို ခံခဲ့ရသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...