စာစဥ် ၄၇ : အပိုင်း ၁၀
အပိုင်း ၉၀၀ : အမှန်တရားနှင့် ဟာကွက်များကို ဖုံးကွယ်ခြင်း
မဟာလွင်တီးခေါင် ကုန်းမြေ၏ လွင်ပြင်ကျယ် အတွင်းတွင် လင်းဖုန်းသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ မှော်ကျိန်စာများစွာတို့အား ထုတ်လွှတ်လိုက်၏။ ရွှေခွက်နှင့် ပုစဥ်းတောင်ပံတို့သည် ရွှေရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းသွားကြကာ လေထုအတွင်းတွင် ရစ်ဝဲနေကြသည်။
ရွှေရောင် အလင်းတန်းများ၏ လှုပ်ရှားမှု လမ်းကြောင်းများမှာ ရှုပ်ထွေးနေ၍ အစီအစဥ် မကျနေဟု ထင်နေရသော်လည်း အတွင်းတွင် ထည့်သွင်းထားသည့် သဘောတရားများစွာ ရှိနေကြ၍ နောက်ဆုံးတွင် ကောင်းကင်အပေါ်တွင် ကြီးမားရှုပ်ထွေးသော ပုံစံအဖြစ်သို့ ပြောင်းသွားကြသည်။
လင်းဖုန်းသည် သူ၏ လက်ချောင်းများကို လှုပ်ခါလိုက်ရာ ထူထဲလှသည့် ခရမ်းရောင် စွမ်းအားများသည် ရှုပ်ထွေးနေသော ဧရာမ ရွှေရောင်ပုံစံအား လွှမ်းခြုံသွားခဲ့သည်။
ထိုရွှေရောင် ပုံစံသည် အဆက်မပြတ် လင်းလက်နေခဲ့ကာ ခရမ်းရောင် အလင်းတန်း အလွှာတစ်ခုဖြင့် လွှမ်းခြုံထားခဲ့သည်။ အသွင်မဲ့ လှိုင်းများမှာ အဆက်မပြတ် ကျယ်ပြန့်လာခဲ့၍ ထိုပုံစံအား အလယ်တွင် ထားခဲ့၍ အဝေးသို့ ဆန့်တန်းသွားခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကြီးအကြားတွင် လွင့်ပြယ်သွားခဲ့သည်။
လင်းဖုန်း၏ အသိစိတ်သည် ထိုလှိုင်းများ၏ အနောက်သို့ လိုက်သွားခဲ့ကာ နေရာဒေသ များစွာကို လွှမ်းခြုံထားခဲ့ပြီး ရွှေပုစဥ်း ဆရာတော်အား ရှာဖွေနေခဲ့သည်။
အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတသည် ဟင်းလင်းပြင် အတွင်းမှ ထွက်ပေါ်လာခဲ့ကာ လင်းဖုန်းက ထိုမှော်ကျိန်စာအား အသုံးပြုသည်ကို စောင့်ကြည့်နေခဲ့သည်။ သူသည် ခေတ္တမျှ လေ့လာလိုက်ကာ သူ့ကိုယ်သူ တွေးလိုက်၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က ဒီလိုမျိုး ထူးခြားဆန်းကြယ်တဲ့ နည်းစနစ်တွေကို ပိုင်ဆိုင်ထားပြီး ငါ့ထက် အများကြီးပိုပြီး အထက်တန်းကျတယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...