အပိုင်း ၁၀၆၁ : နတ်ဘုရားနယ်မြေ အတွင်းမှ ပြောင်းလဲမှု

291 29 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၁

အပိုင်း ၁၀၆၁ : နတ်ဘုရားနယ်မြေ အတွင်းမှ ပြောင်းလဲမှု

"ဒုတိယ မျိုးဆက် တပည့်တွေ အတွင်းက အထူးချွန်ဆုံး သူတွေက အခြေတည်ဝိညာဥ် အဆင့်ကို ရောက်သွားကြပြီး ကျန်တဲ့သူတွေကလည်း ရောက်လုနီးပါး ဖြစ်နေပြီ" လင်းဖုန်းက ပြုံးလိုက်သည်။

"ဒါပေမဲ့ နောက်ကျကျန်နေတဲ့ သူတွေက လိုက်မီဖို့ အတွက်ဆိုရင် အချိန်အနည်းငယ် စောင့်ရလိမ့်မယ်… ဘာပဲပြောပြော ကျင့်ကြံမှု အဆင့် မြင့်လာလေလေ တိုးတက်ဖို့က ပိုခက်လေလေ ဖြစ်တာပဲ… ဒါကြောင့်မို့ လိုအပ်တဲ့ အချိန်တွေက ပိုများလာတယ်"

သူသည် သူ့ဘေးမှ ရှောင်ယန်အား ကြည့်လိုက်သည်။ "တတိယ မျိုးဆက်က တပည့်တွေက ကောင်းမွန်စွာနဲ့ တိုးတက်လာပြီ… ဒါက ကောင်းတဲ့ အရာတစ်ခု ဖြစ်တယ်… ငါတို့က မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ ရှိနေတယ်"

ရှောင်ယန်က ရယ်လိုက်သည်။ "ဆရာပြောတဲ့ အတိုင်းပဲ… ဒါက ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်တယ်"

လင်းဖုန်းက မေးလိုက်သည်။ "ထျန်းယူက ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးတွေကို ကျော်လွှားဖို့ ဆုံးဖြတ်လိုက်ပြီလား"

ရှောင်ယန်က သူ၏ခေါင်းကို ညိတ်ကာ ပြန်ဖြေလိုက်သည်။ "သူ့ရဲ့ စုဆောင်းမှုတွေ အနေနဲ့တော့ အနည်းငယ် လိုသေးတယ်… ဒါပေမဲ့ သူ့ရဲ့ စရိုက်အရ သူက လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါး ရှိနေတယ်"

"အခုအချိန်မှာ သူ့ရဲ့ စိတ်အခြေအနေက သင့်တော်တဲ့ ပုံစံတစ်ခုမှာ ရှိနေတယ်… တကယ်လို့ သူက ချုပ်တည်းထားရင် သူ့အတွက် အန္တရာယ် ဖြစ်နိုင်တယ်… သူ့ရဲ့ စုဆောင်းမှုတွေက ပြည့်စုံတဲ့ အချိန်ကျရင် သူ့ရဲ့ စိတ်အခြေအနေတွေက တည်ငြိမ်မှု မရှိတော့ပဲ ဖြစ်နိုင်တယ်"

ဤအထိ ပြောပြီးသည်နှင့် ရှောင်ယန်က အနည်းငယ် ရယ်ချင်စိတ် ပေါက်လာသည်။ "လူတိုင်းက သူ့တို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာနဲ့ လမ်းကြောင်းတွေ ရှိကြတယ်… ဒါကြောင့် ကျွန်တော်က သူလုပ်ချင်တာကို ပေးလုပ်လိုက်တယ်"

"သူကြီးပြင်းလာတာကို စောင့်ကြည့်နေရင်း ကျွန်တော်က သူဟာ ဘာနဲ့တူနေလဲ ဆိုတာကို ပိုသိလာတယ်… သူက လွတ်လပ်ပေါ့ပါးစွာ နေတတ်တဲ့သူ ဖြစ်ပေမဲ့ ဒီလိုမျိုး ကိစ္စမှာ သတိလက်လွတ် နေမှာတော့ မဟုတ်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now