အပိုင်း ၁၀၆၇ : ဝေခွဲရ ခက်နေသော ဂူမိသားစု

254 29 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၇

အပိုင်း ၁၀၆၇ : ဝေခွဲရ ခက်နေသော ဂူမိသားစု

သူတို့အုပ်စုသည် မြို့အတွင်းသို့ ဝင်ရောက်ခဲ့ကြ အပြီးတွင် စံအိမ်တစ်ခု၏ အရှေ့သို့ ရောက်လာကြသည်။ လမ်းတလျှောက်တွင် လင်းဖုန်းနှင့် ကျန်သောသူများသည် ကွဲပြားခြားနားသော အော်ရာများနှင့် သဘာဝလွန် အသိစိတ်များစွာတို့ကို ခံစားခဲ့ကြရသည်။ သူတို့တွင် စပ်စုလိုစိတ်များနှင့် ပြည့်နေ၏။

သို့သော်လည်း ဂူမိသားစုသည် သင့်တော်သော စည်းကမ်းများကို ချမှတ်ထားသည်။ မိသားစုဝင်များသည် လင်းဖုန်း ရောက်လာမည်ကို သိထားကြသော်လည်း လမ်းပေါ်တွင် ပြည့်ကျပ်စွာဖြင့် သူ့အား ထွက်မကြည့်နေကြပေ။

စံအိမ်အရှေ့တွင် လူများစွာတို့ ရှိနေကြကာ သူတို့၏ ကျင့်ကြံမှုများမှာလည်း အဆင့်မြင့်ကြသည်။ သူတို့သည် ဂူမိသားစု အတွင်းတွင် နှစ်ပေါင်းများစွာ စုဆောင်းခဲ့မှုများကို ဖော်ပြနေကြသည်။ သူတို့သည် ရှေးဟောင်းခေတ်ကလောက် စည်ပင်တိုးတက်မှုများ မရှိခဲ့ကြသော်လည်း သူတို့အား လျှော့တွက်၍ မရချေ။

ဤအနားတွင် စုဝေးနေကြသူများမှာ ဂူမိသားစုမှ အတောက်ပဆုံး ပါရမီရှင်များသာ ဖြစ်ကြသည်။ ကျင့်ကြံမှု အဆင့်သိပ်မမြင့်ကြသော လူငယ်များသည်ပင်လျှင် အားအင် ပြည့်ဝနေကြကာ သန့်စင်သော အမူအရာများ ရှိသည်။

လူအုပ်ကြီး၏ အလယ်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက် ရှိနေသည်။ သူသည် အရပ် သိပ်မမြင့်သော်လည်း သူရပ်နေသော နေရာတိုင်းသည် ရှေးဟောင်း သက်ရှည်ကမ္ဘာ၏ အလယ်ဗဟို ဖြစ်သွားသည်ဟု ထင်နေရသည်။

သူ့အား ကြည့်ရသည်မှာ သာမန်ဟုသာ ထင်နေရသော်လည်း သူအသက်တစ်ခေါက် ရှူလိုက်တိုင်း အလယ်ကမ္ဘာ တစ်ခုလုံး၏ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူနိုင်သကဲ့သို့ ဖြစ်နေသည်။

ဇူရီသည် သူ့အား ကြည့်လိုက်ကာ လေးနက်လာသည်။ "ဒါက ကျန်းအာမိန်းကလေးရဲ့ ဖခင်ဖြစ်တဲ့ ဂူမိသားစုရဲ့ ခေါင်းဆောင် အကြီးအကဲ ဂူကျွန်းပဲ ဖြစ်ရမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeUnde poveștirile trăiesc. Descoperă acum