စာစဥ် ၄၆ : အပိုင်း ၁၉
အပိုင်း ၈၈၉ : မဟာလွင်တီးခေါင် ကုန်းမြေသို့
လင်းဖုန်း၏ စကားများကို ကြားလိုက်ရသောအခါ ရှောင်ယန်၏ မျက်လုံးအစုံသည် လင်းလက်လာခဲ့သည်။ "ဆရာ…"
လင်းဖုန်းက ထပ်မံ၍ ရယ်လိုက်ကာ သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။ "ရှောင်ယန်.. မင်းက ယုကျင်းတောင်ပေါ်မှာ ဆက်နေပြီး ဒဏ်ရာတွေကို ကုစားကာ ခိစတိဂါဘ အစစ်အမှန် မီးရှူးတိုင်ကို ကျင့်ကြံနေရမယ်"
"မင်းက အကြီးအကျယ် အနစ်နာခံခဲ့ပြီး တကယ်လို့ မင်းက ဝမ်လင်းနဲ့ ကျန်တဲ့သူတွေ ယူပြန်လာတဲ့ ခိစတိဂါဘ အစစ်အမှန် မီးရှူးတိုင်ကို ထိန်းချုပ်နိုင်ခဲ့ရင် မင်းရဲ့ အင်မော်တယ်ဝိညာဥ် အဆင့်နဲ့ အကြွင်းမဲ့မီးတောက် ခြောက်မျိုးတို့ကို ကျင့်ကြံနိုင်လိမ့်မယ်.. မင်းက အင်မော်တယ်ဝိညာဥ် ပထမ အဆင့်နဲ့ မီးတောက်ခြောက်ခု ကြာပန်းကို မထုတ်ဖော်နိုင်သေးပေမဲ့ မီးတောက်ငါးခု ကြာပန်းကိုတော့ ထုတ်လွှတ်နိုင်လိမ့်မယ်"
အခြားသူများကလည်း ရှောင်ယန်အား ကျေးဇူးတင်သော အကြည့်များနှင့် ချစ်ခင်စွာ ကြည့်လိုက်ကြသည်။ ရှောင်ယန်က ရယ်လိုက်ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော်က ဆရာ ပြန်မလာခင် ပြီးအောင် ကျင့်ကြံထားလိုက်ပါမယ်"
လင်းဖုန်းကလည်း သူ၏ခေါင်းကို ညိတ်လိုက်ကာ ရယ်လိုက်သည်။ "မင်းက အချိန်ယူပြီးမှ ကျင့်ကြံပါ.. ဒါဆိုရင် မမျှော်လင့်ထားတဲ့ ရှာဖွေတွေ့ရှိမှုတွေကို ရနိုင်လိမ့်မယ်.. ဒါက အရင်က မကြုံဖူးသေးတဲ့ အခွင့်အရေး တစ်ခုဖြစ်တယ်.. ဒါပေမဲ့ မင်းက အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်ကို မရောက်သေးပဲ မီးတောက်ခြောက်ခု ကြာပန်းကို ဖန်ဆင်းဖို့ မကြိုးစားနဲ့.. သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းက မင်းရဲ့ အင်မော်တယ် ဝိညာဥ်ကို လောင်ကျွမ်းသွားခဲ့လိမ့်မယ်.. မင်းက အနီရောင် ကြာပန်းမီးတောက်ကို ခုနှစ်ခုမြောက် အကြွင်းမဲ့မီးတောက် အဖြစ်နဲ့ ကျင့်ကြံမယ် ဆိုရင်လည်း အထူးသတိထားရလိမ့်မယ်"
"နားလည်ပါပြီ ဆရာသခင်" ရှောင်ယန်က ခေါင်းညိတ်လိုက်ရာ လင်းဖုန်းက ဆက်ပြောလိုက်သည်။ "မင်းက မင်းရဲ့ ဂျူနီယာတွေကိုလည်း ကျေးဇူးတင်ရလိမ့်မယ်.. အဆင့်နှစ်မျိုး လည်ပတ်ခြင်း နတ်ကျောက်တုံးနဲ့ ငါသင်ထားပေးတဲ့အတိုင်း ကျင့်ကြံနေချည်.. မင်းရဲ့ ရုပ်ခန္ဓာကိုယ် စွမ်းအားကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေး ရှိသေးတယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...