အပိုင်း ၁၁၀၉ : ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့အားလုံးက အမတန်မှ သန်မာလို့ပဲ

248 27 0
                                    

စာစဥ် ၅၇ : အပိုင်း ၁၉

အပိုင်း ၁၁၀၉ : ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့အားလုံးက အမတန်မှ သန်မာလို့ပဲ

ထျန်းရွှမ်သည် ဆက်ပြောစရာများ ရှိသေးသော်လည်း ဟန်ရန်က သူ၏လက်ကို မြှောက်လိုက်၍ သူမအား ဟန့်တားပြီး တန်ယွင်ချင်းဘက်သို့ လှည့်လိုက်သည်။ "တန်ယွင်ချင်း… မင်းနဲ့ငါတို့ရဲ့ အကြားမှာ အရမ်းကြီးမားတဲ့ ခြားနားမှုရှိတယ် ဆိုတာကို မင်းသိသလား"

"ငါကလည်း မင်းသုံးနေတဲ့ နည်းလမ်းတွေကို သဘောမကျဘူး" ဟန်ရန်၏ ပျင်းရိပျင်းတွဲ အကြည့်သည် ထက်မြက်လာ၍ မြင့်မြတ်သော ဓားသွားကဲ့သို့ ကြောက်မက်ဖွယ်ရာ စူးရှလာ၏။ "ဒါပေမဲ့ ငါက မင်းရဲ့နေရာကို လာပြီး မင်းအခု လုပ်နေသလိုမျိုး ဝင်မပြောဘူး"

တန်ယွင်ချင်းသည် အံ့အား မသင့်သွားပဲ တည်ငြိမ်စွာသာ ပြန်ပြောလိုက်သည်။ "ငါသိပြီးသား အရာတွေကို ငါက လျစ်လျူရှုပြီးမှ မထားနိုင်ဘူး"

"အမှန်တရားကသာ ကြင်နာမှုနဲ့ ယုတ်ညံ့မှုကို ခွဲခြားနိုင်တယ်" ဟန်ရန်က နှာမှုတ်လိုက်သည်။ "မင်းက ဂိုဏ်းတူ တူလေး ယွမ်ကန်းက ဘာဖြစ်သွားသလဲ ဆိုတာကို မမေ့သင့်ဘူး"

တန်ယွင်ချင်းသည် ထိုစကားကို ကြားရသောအခါ မျက်မှောင်ကြုတ်သွား၏။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်မျိုးဆက် တစ်ခုချင်းစီတွင် ကိုယ်ပိုင် တာအိုနာမည်များ ရှိကြသည်။ လင်းဖုန်းသည် သူ၏ ပထမ မျိုးဆက် တပည့်ရှစ်ယောက်တို့အား အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မဟာဦးဆောင်သူများ အဖြစ် သတ်မှတ်ထားသည်။ ယွမ်မျိုးဆက်သည် ဂိုဏ်း၏ တတိယမျိုးဆက် လက်ရင်းတပည့်များ ဖြစ်ကြကာ ဟန်ရန်နှင့် တန်ယွင်ချင်းတို့၏ လက်ရင်းတပည့်များ ဖြစ်ကြသည်။

ယွမ်ကန်းသည် တန်ယွင်ချင်း၏ ပထမတပည့် ဖြစ်ကာ မြစ်ပြင်ဂေဟာမှ တတိယ မျိုးဆက် များအနက် ရွှေရောင်ဗဟိုချက်ကို ဖန်ဆင်းနိုင်သော ပထမဆုံး ကျင့်ကြံသူဖြစ်ပြီး ကျင့်ကြံမှု အဆင့်အမြင့်ဆုံးသူ ဖြစ်၏။

သူသည် သဘောထား ပြည့်ဝကာ စည်းကမ်းရှိ၍ တန်ယွင်ချင်း အလွန်အမင်း နှစ်သက်သောသူ ဖြစ်၏။ သို့သော်လည်း သူသည် ရိုးသား၍ သန့်စင်ပေသည်။ ထို့ကြောင့်ပင် သူသည် ယမန်နှစ်တွင် ဂိုဏ်းပြင်ပသို့ ကျင့်ကြံရန် သွားရောက်ခဲ့သည့် ခရီးတစ်ခုတွင် အန္တရာယ် ကြီးမားစွာ ကြုံတွေ့ခဲ့ရသည်။ သူနှင့်အတူ ပါလာကြသော အပေါင်းအဖော်များ၏ ကူညီမှုကြောင့်သာ ကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now