စာစဥ် ၅၆ : အပိုင်း ၂၀
အပိုင်း ၁၀၉၀ : သစ္စာဖောက်သူ
နောက်ဆုံး ကျောက်တုံးရုပ်ထုအား ခြေမွလိုက် အပြီးတွင် စန်ထူဇီသည် သူ၏ လက်အတွင်းမှ အနက်ရောင် အလင်းတန်းများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူ၏ အင်္ကျီများကို ပြန်လည် ပြုပြင်လိုက် အပြီးတွင် သူသည် ဆိတ်ငြိမ်ခန်း အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်သွားခဲ့သည်။
အခန်းတံခါး ပွင့်သွားအပြီးတွင် ငရဲ ဘုန်းတော်ကြီးက သူ့အား ချက်ချင်း အာရုံခံမိလိုက်သည်။ စန်ထူဇီ ဝင်လာသည်ကို မြင်ရအပြီးတွင် သူသည် စိတ်သက်သာရာ မရသွားသည့် အပြင် သတိထားနေသည့်ပုံပင် ပေါက်လာ၏။
ပုံမှန် အခြေအနေမျိုးတွင် ဤအခန်း အတွင်းသို့ ဝင်လိုသူ မှန်သမျှသည် ပြင်ပမှ ကျောက်တုံး ရုပ်ထုများကို အရင် ဖြတ်သန်းရမည် ဖြစ်သည်။
ဤအခန်းအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်နိုင်သူမှာ ငရဲ ဘုန်းတော်ကြီး၏ ဆရာဖြစ်သော သေမင်းဧကရာဇ် တစ်ယောက်သာ ရှိသည်။
သို့သော်လည်း ယခုအချိန်တွင် စန်ထူဇီက ထိုကဲ့သို့ ဝင်ရောက်လာသဖြင့် ငရဲ ဘုန်းတော်ကြီးက သတိထားနေခဲ့သည်။ ထို့အပြင် စန်ထူဇီ၏ မျက်နှာတွင် သက်တောင့်သက်သာ အနေအထား ရှိနေသည်။ တစ်စုံတစ်ခုက မှားနေသည်မှာ သိသာနေ၏။
သူသည် ရှောင်ယန်အား ငရဲကမ္ဘာ ပင်လယ်အတွင်းသို့ ခေါ်ဆောင်လာသဖြင့် ငရဲ ဘုန်းတော်ကြီးသည် စန်ထူဇီအား ကောင်းကောင်း ဆုံးမထားပြီး ဖြစ်သည်။ စန်ထူဇီကလည်း တကယ်ပင် ကြောက်ရွံ့ကာ နောင်တရသောပုံ ပေါက်သွားခဲ့သည်။ သူသည် ရှောင်ယန်အပေါ်၌ ဒေါသထွက်နေကာ မနာလိုမှုများနှင့် ပြည့်နေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် စန်ထူဇီတွင် ထိုအနုတ်သဘောဆောင်သော ခံစားချက်များကို မတွေ့ရတော့ချေ။
ဆိတ်ငြိမ်ခန်း အတွင်းသို့ ရောက်လာသည်နှင့် တပြိုင်နက် စန်ထူဇီသည် သူ၏ လက်ဝါးအစုံကို ပူးကပ်ကာ မှော်ကျိန်စာ တစ်ခုကို ထုတ်လွှတ်လိုက်သည်။ အနက်ရောင် အလင်းတန်းများ လင်းလက်သွား၍ ဆိတ်ငြိမ်ခန်း တစ်ခုလုံးအား ချိပ်ပိတ်လိုက်၏။ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်များ အားလုံးတို့ကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...