အပိုင်း ၁၀၇၄ : မျက်လုံး ပြူးနေအောင် ဖွင့်ထားပြီး သင်ယူပါ

263 32 0
                                    

စာစဥ် ၅၆ : အပိုင်း ၄

အပိုင်း ၁၀၇၄ : မျက်လုံး ပြူးနေအောင် ဖွင့်ထားပြီး သင်ယူပါ

တွမ့်မုဟုန် စကားပြောလိုက်သော အချိန်တွင် ရွှမ်းလင်းစံအိမ် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဂူမိသားစုနှင့် ဟင်းလင်းပြင် ဘုရားကျောင်းမှ တပည့်များ၏ အကြည့်များသည် သူ့အပေါ်သို့ ကျလာကြသည်။

ပထမ ပြောလိုက်သည့် ဂူမိသားစုမှ တပည့်သည် ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည့် တွမ့်မုဟုန်အား ကြည့်၍ အမျက်မထွက်ခဲ့ပေ။ သူ့အား မျက်လုံး ထောင့်ကပ်၍သာ ကြည့်လိုက်၏။ "မင်းက အခြေခံအုတ်မြစ် အဆင့်မှာသာ ရှိသေးတယ်… မင်းက အစ်ကို လျှန်ချန်း ဘာလုပ်နေသလဲ ဆိုတာကို နားလည်မှာ မဟုတ်ဘူး"

"ငါက နားမလည်ဘူး" တွမ့်မုဟုန်က ရိုးသားစွာဖြင့် ပြန်ဖြေလိုက်၏။

သူ၏ ဆေးလုံးကျင့်ကြံမှု ပါရမီသည် အမတန်မှ ထူးချွန်ကာ သဘောတရား များစွာကို သဘောပေါက်ထားသည်။ သို့သော်လည်း သူ၏ ကျင့်ကြံမှု အဆင့်မှာ အတော်လေး လိုသေးသည်။ သူသည် ဂူလျှန်ချန်း၏ စွမ်းအားများက မည်ကဲ့သို့ အလုပ်လုပ်သည်ကို မပြောနိုင်ပေ။ အများဆုံး သူသည် ခန့်မှန်းချက်များကိုသာ ပြုလုပ်နိုင်မည် ဖြစ်သည်။

တွမ့်မုဟုန်သည် ဤကဲ့သို့ ပြန်ဖြေလိုက်သော အခါ အားလုံးတို့၏ မျက်နှာများတွင် အလိုမကျသော ပုံစံများ ပေါက်လာကြသည်။

ဟင်းလင်းပြင် ဘုရားကျောင်းမှ စီနီယာ အကျဆုံး တပည့်မှာ အဖြူရောင် ဝတ်စုံဖြင့် နှစ်လိုဖွယ်ရာ လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် ချန်းရှင်းယု ဖြစ်၏။ သူ၏ဘေးမှ ဟင်းလင်းပြင် ဘုရားကျောင်း၏ တပည့်တစ်ယောက်က ခေါင်းကိုခါ၍ ပြောလိုက်သည်။

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှာ တကယ့်ကို ရူးသွပ်တဲ့ သူတွေနဲ့ ပြည့်နေတယ်… ကလေးတစ်ယောက်ကတောင် ဘယ်လို စကားပြောရမလဲ မသိဘူး"

တွမ့်မုဟုန်သည် ကျန်သောသူများအား ကြည့်ကာ စိတ်ဝင်စားသည့်ပုံ ပေါက်သွားသည်။ ပြီးတာနှင့် သူသည် သူ၏ဘေးမှ ယန်ဝူဝေထံသို့ လှည့်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော်က အကြီးအကဲယန်က ကျွန်တော့်ကို ရှင်းပြလိုက် အပြီးမှာ သဘောပေါက်သွားတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now