အပိုင်း ၉၀၃ : ဝက်! ဝက်! ဝက်!

336 33 0
                                    

စာစဥ် ၄၇ : အပိုင်း ၁၃

အပိုင်း ၉၀၃ : ဝက်! ဝက်! ဝက်!

ငရဲကိုးလွှာ မဟာပဏ္ဍိတ၏ မျက်လုံးများသည် ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့၏ အကြားတွင် ခေါက်တုံ့ပြန်နေခဲ့သော်လည်း သူ၏မျက်နှာသည် အမူအရာ ကင်းမဲ့နေဆဲပင် ဖြစ်သည်။

သူသည် မသေဝိညာဥ် တတိယ အဆင့်မှ မဟာမိစ္ဆာ တစ်ကောင်ဖြစ်သော်လည်း လက်ရှိအချိန်တွင် နှစ်ယောက်တစ်ယောက် ဖြစ်နေ၍ သူသည် အင်အားနည်းနေခဲ့သည်။ ထို့အပြင် သူ၏အရှေ့မှ လူနှစ်ယောက်တို့သည် အင်မော်တယ် ဝိညာဥ် ပထမ အဆင့်တွင်ပင် ရှိကြသေးသော်လည်း အလွန်အမင်းကို ကိုင်တွယ်ရန် ခက်ခဲကြသူများ ဖြစ်ကြသည်။

သို့တိုင်အောင် သူက ကြောက်ရွံ့နေခြင်း မရှိခဲ့ပေ။ ငရဲကိုးလွှာ တောင်ထိပ်သည် ငရဲကိုးလွှာ တစ္ဆေမျောက်တို့၏ ဘိုးဘေးဘီဘင် နယ်မြေဖြစ်သည်။ အကယ်၍ သူ၏အရှေ့မှ အစွမ်းထက် ကျင့်ကြံသူ နှစ်ယောက်တို့က တောင်ပေါ်သို့ တက်လာခဲ့ပါက သူတို့အား တွန်းလှန်နိုင်ပြီး အမြီးကုတ်၍ ပြေးသွားအောင် လုပ်နိုင်ရန် သူ့တွင် ယုံကြည်ချက်ရှိသည်။

ထို့အပြင် ငရဲကိုးလွှာ တောင်ထိပ်သည် လင်းယွမ်တောင်တန်းများ အကြားတွင် တည်ရှိနေခြင်း ဖြစ်သည်။ အခြေအနေမလှလျှင် ရှေးဟောင်းလူဝံ မိစ္ဆာ မျိုးနွယ်စုများက အာရုံစိုက်မိကာ ရောက်လာကြမည် ဖြစ်၏။

ငရဲကိုးလွှာ မဟာပဏ္ဍိတအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် အချက်မှာ သူသည် လင်းဖုန်း၏ စိတ်အာရုံများကို ဆွဲဆောင်မိခဲ့ခြင်း ဖြစ်သည်။ ဒါသည် ပြဿနာများကို ဖြစ်စေသည်။

မဟူရာရေခဲ မဟာပဏ္ဍိတသည် ရှီထျန်းဟောင်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီ ဖြစ်သဖြင့် သူသည် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း ရွေးချယ်ခွင့်မရှိပဲ သူ့အား ပြန်ကယ်၍ ဆောင်ရွက်ရမည် ဖြစ်သည်။ မဟုတ်လျှင် သူသည် ငရဲကိုးလွှာ တစ္ဆေမျောက်တို့၏ မျိုးနွယ်စုခေါင်းဆောင်ဟူ၍ ခေါ်ဆိုရန် မျက်နှာရှိတော့မည် မဟုတ်ချေ။

သူ၏ ခေါင်းအတွင်းတွင် အတွေးများစွာတို့အား စဥ်းစားနေခဲ့ရင်း ငရဲကိုးလွှာ မဟာပဏ္ဍိတသည် ရုတ်တရက် ဝမ်လင်း၏ မျက်လုံးများသည် သူ့အား စိုက်ကြည့်နေခြင်း မရှိဟု သတိပြုမိလိုက်သည်။ ထို့အစား သူသည် ငရဲကိုးလွှာ တောင်ထိပ်အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now