အပိုင်း ၁၀၇၈ : ပြိုင်ပွဲ၏ လောင်းကြေး

255 27 0
                                    

စာစဥ် ၅၆ : အပိုင်း ၈

အပိုင်း ၁၀၇၈ : ပြိုင်ပွဲ၏ လောင်းကြေး

"တခြားအရာတွေ… ဘယ်လိုမျိုး တခြားအရာတွေလဲ" တွမ့်မုဟုန်က စပ်စုစွာဖြင့် ယန်ဝူဝေအား ကြည့်ကာ မေးလိုက်၏။ ယန်ဝူဝေကလည်း မှင်သက်နေသည်ကို တွေ့လိုက်ရသည်။

တန်ကျွင်းသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များထံသို့ ပြန်ရောက်လာပြီ ဖြစ်သည်။ ယန်တီ၊ တန်ယွင်ချင်း၊ ယန်ဝူဝေတို့ အားလုံးက သူ့အား စိုက်ကြည့်နေကြသည်။

"ရှေးဟောင်းခေတ်က ဆေးလုံးကျင့်ကြံမှု ပြိုင်ပွဲတွေ အတွင်းမှာ ယှဥ်ပြိုင်မှုတွေ အပြင် အကျိုးအမြတ်တွေကိုလည်း ရရှိကြတယ်… လောင်းကြေးတွေက နေပြီးပေါ့" တန်ကျွင်းက လေးနက်စွာ ပြောလိုက်သည်။ "ဒီအကျိုးအမြတ်တွေကို နှစ်ဦးနှစ်ဘက်က ဆုံးဖြတ်ကြတယ်… ရှားပါးတဲ့ စိတ်ဝိညာဥ် ဆေးပင်… ဒါမှမဟုတ် ဆေးလုံး ဖော်စပ်နည်း တစ်ခုတောင် ဖြစ်နိုင်တယ်"

"တစ်ခါတစ်လေမှာ ရှုံးနိမ့်သွားတဲ့သူက အနိုင်ရသွားတဲ့ သူရဲ့ အခိုင်းအစေ ကောင်လေး ဖြစ်သွားတဲ့ သာဓကတွေတောင် ရှိခဲ့ဖူးတယ်"

ရှောင်ယန်သည် ချင်းနင်သူတော်စင်အား ကြည့်ကာ ရယ်ချင်စိတ်များ ပေါက်လာသည်။

ချင်းနင်သူတော်စင်က တည်ငြိမ်နေမြဲရှိသေးကာ သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ငါတို့က ၃ဦးသာ ရှိပေမဲ့ ပြိုင်ပွဲ အဆင့်အတန်းက နိမ့်မှာ မဟုတ်ဘူး… ဒီလိုဆိုတော့ ရှေးဟောင်းခေတ်က ထုံးစံအတိုင်း လုပ်ဖို့သင်တယ်လို့ ထင်တယ်"

တန်ကျွင်းနှင့် ဂူလျှန်ချန်းတို့၏ အစပိုင်း ယှဥ်ပြိုင်မှုမှ နေ၍ အဖွဲ့သုံးဖွဲ့တို့မှ ထိပ်ဆုံး ဆေးလုံး ကျင့်ကြံသူများ၏ ပြိုင်ပွဲ ဖြစ်လာကြမည်ဟု ထင်မထားကြသောကြောင့် ဂျူနီယာ တပည့်များ အားလုံးတို့က အံ့ဩမှင်သက်နေကြသည်။

ဤဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲသည် သေးငယ်သလော။ မှန်သည်။ သေးငယ်၏။ ပြိုင်ပွဲဝင် သုံးယောက်သာ ရှိသဖြင့် ပြိုင်ပွဲဟု ခေါ်၍ရရုံသာ ရှိသည်။

ဤဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲသည် ကြီးမားသလော။ မှန်သည်။ ကြီးမား၏။ ရှေးဟောင်းခေတ်မှ အဆင့်အတန်းများနှင့်ပင် ယခု ယှဥ်ပြိုင်ကြသောသူများသည် အကောင်းဆုံးများ အတွင်းတွင် ပါသည်။ သူတို့သည် လူသားဧကရာဇ်များ ကိုယ်တိုင် ကျင်းပသော ပြိုင်ပွဲများမှ လွဲ၍ အခြား မည်သည့် ပြိုင်ပွဲများကိုမှ ဝင်ရောက် ယှဥ်ပြိုင်လိမ့်မည် မဟုတ်ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now