စာစဥ် ၄၀ : အပိုင်း ၁၅
အပိုင်း ၇၆၅ : ကြယ်စင်များ၏ တိုက်ပွဲ
အနီးကပ် သေချာကြည့်ရှုလိုက် အပြီးတွင် ဇူရီသည် သူအနားတွင် လှုပ်ရှားနေကြသော မှော်ကျိန်စာနှင့် နည်းစနစ် အမျိုးမျိုးတို့သည် သူ့ထံသို့ ဦးတည်နေခြင်း မဟုတ်ကြောင်းကို သိလိုက်ရသည်။
ကြယ်စင်တိုင်းသည် အခြားကြယ်စင်များကို မှော်ကျိန်စာ တစ်ခုပြီးမှ တစ်ခု ထုတ်လွှတ်နေကြကာ သူတို့၏ အနားမှ ကြယ်စင်တိုင်းကို ဖျက်ဆီးချင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤကြယ်စင်များသည် အသိစိတ် မရှိသကဲ့သို့ ဖရိုဖရဲ ကစဥ့်ကလျား ဖြစ်နေကြ၏။
ကြယ်စင်များသည် ယင်ပင်လယ် အတွင်းတွင် ကြွေလွင့်ခဲ့ရသည့် အစွမ်းထက် ကျင့်ကြံသူများ၏ စွမ်းအားများကို ပြည့်စုံစွာ ထုတ်သုံးနိုင်ကြ၍ မှော်ကျိန်စာများကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့ကြသော်လည်း သူတို့ကိုယ့်ကိုယ် ကောင်းစွာ ထိန်းချုပ်နိုင်စွမ်း မရှိပဲ ရုပ်သေးရုပ်များနှင့် တူနေကြသည်။
"ဒီကြယ်စင်တွေရဲ့ လက်ကျန် မှတ်ဉာဏ်တွေက မပြည့်စုံဘူး။ ဒါကြောင့် သူတို့ရဲ့ မှော်ကျိန်စာနဲ့ နည်းစနစ်တွေကလည်း မပြည့်စုံဘူး။ ဒါကြောင့်မို့ သူတို့ဟာ မှော်ကျိန်စာတွေကို ချောမွေ့စွာ အသုံးမပြုနိုင်ပဲ ကြယ်စင်တွေရဲ့ စွမ်းအားကိုသာ အသုံးပြုပြီး သူတို့ရဲ့ မှော်ကျိန်စာနဲ့ သိုင်းပညာရပ်တွေကို ဖော်ထုတ်နိုင်ခဲ့ကြတာ"
"ဒီလက်ကျန် မှတ်ဉာဏ်နဲ့ စိတ်ဝိညာဥ်တွေက ကြယ်စင်တွေနဲ့ တစ်သားတည်း ဖြစ်နေပေမဲ့ ငါ့ရဲ့ကိုယ်ပိုင် စိတ်ဝိညာဥ်နဲ့တော့ ကွာခြားနေကြတယ်။ ဒါကြောင့် ငါက ငါ့ရဲ့ကိုယ်ပိုင် မှော်ကျိန်စာနဲ့ နည်းစနစ်တွေကိုတော့ အသုံးမပြုနိုင်ဘူး။ အတင်းအကျပ် အသုံးပြုလို့လည်း မဖြစ်နိုင်ပဲ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရလိမ့်မယ်"
"ငါရဲ့ စိတ်ဝိညာဥ် အနားမှာ ရရှိထားတဲ့ ကြယ်စင်အလင်းတန်း ခန္ဓာကိုယ် အသစ် ပျက်စီးသွားခဲ့ရင် အကျိုးဆက်က မသေချာပဲ ခန့်မှန်းဖို့ ခက်ခဲတယ်။ ငါက နောက်ထက် စက်လုံးအသစ်နဲ့ ခန္ဓာကိုယ်အသစ် ရကောင်းရမယ်။ ဒါမှမဟုတ် လေဟာနယ် ပုံရိပ်ယောင်ကနေ ထုတ်ပယ်ခြင်းကို ခံရနိုင်တယ်။ အဆိုးဆုံးကတော့ ငါ့ရဲ့ စိတ်ဝိညာဥ်ကပါ ပျက်စီးသွားနိုင်ခြင်းပဲ"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...