စာစဥ် ၅၇ : အပိုင်း ၆
အပိုင်း ၁၀၉၆ : ကြေကွဲဖွယ်ရာများ၏ အဆုံးသတ်
လင်းဖုန်းသည် တည်ငြိမ်စွာနှင့်ပင် ဟင်းလင်းပြင် ဘုရားကျောင်းမှ အဖွဲ့ဝင်များအား ကြည့်လိုက်သည်။ "ဟုတ်တယ်… ခင်ဗျားတို့ အားလုံးက ဒီကိစ္စကို အစောကြီးကတည်းက သိထားကြပြီးသားပဲ… ကျန်းရီသူတော်စင်နဲ့ ရွှမ်းလင်သူတော်စင်တို့က သူတို့ဟာ နတ်ဘုရားနယ်မြေ ဆေးမီးဖိုရဲ့ ခွဲခြား ဆက်ဆံတာကို ခံလိုက်ရတာကို မအံ့ဩသွားတာက မထူးဆန်းပါဘူး… ရှဧကရာဇ်က လုပ်ကြံ သတ်ဖြတ်တဲ့ ကြိုးစားမှုမှာ ဒဏ်ရာရသွားတာကို သူတို့က သိနေကြတယ်"
သေမင်းဧကရာဇ်၏ မျက်နှာပေါ်တွင် ခနဲ့သည့် အပြုံးတစ်ခု ပေါ်လာသည်။ "သူတို့က သိထားကြတာပေါ့… ဝမ်ချီယန်နဲ့ သူ့ဇနီး ပုန်းအောင်နေကြတဲ့ သီးသန့် လေဟာနယ် အလွှာက အမတန်မှ ထူးခြားဆန်းကြယ်တယ်… ဒါ့အပြင် တိမ်တိုက်မိစ္ဆာနဲ့ သူတို့က ရိုးရိုးရှင်းရှင်းသာ နေထိုင်ကြတယ်"
"ရှဖန်းယုက သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားတွေနဲ့ ဒီနေရာကို ရှာဖွေ တွေ့ရှိနိုင်မှာ မဟုတ်ဘူး… ဒါဆိုရင် သူက အဲ့ဒီ သီးသန့် လေဟာနယ် အလွှာကို ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ"
"အန္တိမ ကောင်းကင်ကြေးမုံ… အန္တိမ ကောင်းကင်ကြေးမုံပဲ ဖြစ်ရမယ်" သေမင်းဧကရာဇ်က ပြုံးလိုက်သည်။ "ငါက ရှဖန်းယုကို ဒီအတွက် ကျေးဇူးတင်ရမယ်… သူက အန္တိမ ကောင်းကင်ကြေးမုံရဲ့ အကူအညီနဲ့ ဝမ်ချီယန်ရဲ့ သီးသန့် လေဟာနယ်က နေရာကို ရှာတွေ့နိုင်ခဲ့တဲ့ အတွက် ငါကလည်း အန္တိမ ကောင်းကင်ကြေးမုံရဲ့ အစွမ်းတွေကို လျှော့တွက်လို့ မရဘူး ဆိုတာကို သိလာခဲ့တယ်"
"ဒါကြောင့်မို့ ငါက ဟင်းလင်းပြင် စစ်တလင်းနဲ့ ဆက်စပ်နေတဲ့ အလယ်ကမ္ဘာ တစ်ခုကို အတော်ကို ခက်ခက်ခဲခဲ ရှာဖွေပြီးမှ သေမင်းခန်းမရဲ့ အခြေခံအဖြစ် အသုံးချဖို့ ကြိုးစားခဲ့တယ်"
ချင်းရီ သူတော်စင်မယ်၏ အကြည့်က အေးစက်သွားသည်။ သေမင်းဧကရာဇ်က သူမအား ကြည့်၍ သူ၏ခေါင်းကို ခါကာ ရယ်လိုက်သည်။ "ဘာလဲ… မင်းတို့က ငါ့ကို သက်သေပြစေချင်နေတာလား"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...