စာစဥ် ၅၇ : အပိုင်း ၁၄
အပိုင်း ၁၁၀၄ : သေမင်းဧကရာဇ်၏ စစ်သည်ရဲမက်များကို လိုက်လံ သတ်ဖြတ်ကြခြင်း
လင်းဖုန်းသည် ရှောင်ယန်အား ပြန်လည် ကြိုဆိုလိုက်ပြီး အဝေးမှ ဟင်းလင်းပြင် ဘုရားကျောင်းမှ လူများကို ကြည့်နေရင်း လက်ရှိ အမူအရာကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ "နှမြောစရာ ကောင်းတာက သေမင်းဧကရာဇ်က လွတ်မြောက်သွားတာပဲ… ဒါပေမဲ့ ငါတို့က ဘာပဲပြောပြော ဆုလာဘ်အချို့ကို ရခဲ့တယ်"
ယန်နန်းလိုင်သည် တဖြည်းဖြည်း သတိပြန်ဝင်လာ၍ တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။ "သူက ဒဏ်ရာ အပြင်းအထန် ရသွားတယ်… သူ့ရဲ့ သေခြင်းနှင့် ရှင်ခြင်း ငရဲကမ္ဘာ တာအိုသစ်သီးကနေ တည်ဆောက်ထားတဲ့ နတ်ဆိုးဝိညာဥ်တွေနဲ့ စာရင် သူ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ အချိန်အကြာကြီး ယူရမယ်"
"ရှဧကရာဇ်ကို ဆုံးရှုံးခဲ့ရခြင်းက သူ့ရဲ့ စွမ်းအားတွေကို အများအပြား ယုတ်လျော့စေခဲ့မယ်… သူနဲ့ ငရဲကမ္ဘာ အကြားက ဆက်သွယ်မှုတွေ ပြတ်တောက်သွားပြီး သူ့ရဲ့ ကျင့်ကြံမှုကို ပြန်လည်ရယူတဲ့ ဖြစ်စဥ်က အနှောင့်ယှက်ခံလိုက်ရတာကလည်း ပျော်စရာကိစ္စတစ်ခု မဟုတ်ဘူး"
"ဒါပေမဲ့ သူ့ရဲ့ တတိယတပည့် ငရဲ ဘုန်းတော်ကြီးက အသက်ရှင်နေသေးပြီး ငရဲကမ္ဘာ ပင်လယ်ရဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်သေးရင် သေမင်းဧကရာဇ်က မပြန်လာနိုင်ဘူးလို့ မပြောနိုင်ဘူး… ဒါပေမဲ့ ဒီကနေ့ ဖြစ်ရပ်အပြီးမှာ သူက အများကြီး သတိပိုထားနေမှာ သေချာနေတယ်"
ယန်နန်းလိုင်သည် သူ၏ဘေးမှ ငရဲကမ္ဘာ ပင်လယ်၏ မာန်ထနေသော ကပ်ဘေးများကို အကဲခတ်လိုက်၏။ "တကယ်လို့ သူရဲ့ မှော်ကျိန်စာ အခမ်းအနားကို ထပ်ပြီးမှ လုပ်ဆောင်ခဲ့ရင် ကျွန်တော်တို့က ငရဲကမ္ဘာ ပင်လယ်ကို ထိန်းချုပ်နိုင်ပြီးသွားရင် သူ့ကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မယ်"
"ဒါပေမဲ့ သူက မှော်ကျိန်စာ အခမ်းအနားကို လုပ်ဆောင်ခြင်း မရှိပဲ အရင်ကလိုမျိုး ပုန်းအောင်းနေမယ် ဆိုရင်တော့ သူ့ရဲ့နေရာကို လိုက်ရှာဖို့ အမတန်မှ ခက်ခဲလိမ့်မယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...