စာစဥ် ၅၈ : အပိုင်း ၄
အပိုင်း ၁၁၁၄ : အကြီးကျယ်ဆုံး မြင့်မြတ်နယ်မြေ
လင်းဖုန်းသည် မြောင်ရှီးဟောင်အား ကြည့်ကာ ပြောလိုက်သည်။ "ငါသိထားသလောက် ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဟေးဒီးစ်ဧကရာဇ်က မဟာမိုးကြိုး ကျောင်းတော်ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာက ဟေးဒီးစ် ဧကရီက မဟာမိုးကြိုး ကျောင်းတော်က အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ရဲ့ အနိုင်ယူတာကို ခံခဲ့ရလို့ ဖြစ်တယ်… အဲ့ဒါက မှန်သလား"
ဟေးဒီးစ် ဧကရီသည် ဟေးဒီးစ်ဧကရာဇ်၏ ကြင်ယာတော် ဖြစ်သည်။ သူမကလည်း သူမဘာသာ အစွမ်းထက်သော မိစ္ဆာတစ်ကောင် ဖြစ်သည်။
မြောင်ရှီးဟောင်က သူ၏ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ "ဒါက သံသယဖြစ်ဖွယ်ရာ မရှိပဲ အဓိက အကြောင်းရင်း ဖြစ်တယ်… ဒါပေမဲ့ တခြား အကြောင်းရင်းတွေ ရှိသေးတယ်… ဟေးဒီးစ် ဧကရီရဲ့ နေရာကို ဟင်းလင်းပြင် ဘုရားကျောင်းက အရင်ရှာတွေ့ပြီးမှ မဟာမိုးကြိုး ကျောင်းတော်ကို သတင်းပေးလိုက်တာ"
လင်းဖုန်းက သူ့အားကြည့်ကာ ပြောလိုက်သည်။ "ဟေးဒီးစ်ဧကရာဇ်နဲ့ ဧကရီတို့က အမတန်မှ နီးကပ်တယ်… မူလကောင်းကင် ကမ္ဘာ တစ်ခုလုံးကလည်း သိထားကြတယ်… မဟာမိုးကြိုး ကျောင်းတော်က ဟေးဒီးစ် ဧကရီကို သတ်လိုက်ရင် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ် ဆိုတာကို မသိပဲနဲ့ နေမှာမဟုတ်ဘူး"
"ဟင်းလင်းပြင် ဘုရားကျောင်းက သူတို့ကို သတင်းပေးတဲ့သူ ဖြစ်ပြီး လှုံ့ဆော်ခဲ့တယ် ဆိုတာတောင် မဟာမိုးကြိုး ကျောင်းတော်ကပဲ သူမရဲ့ သေဆုံးမှုအတွက် တာဝန်ရှိတဲ့သူ ဖြစ်လိမ့်မယ်… သူတို့က ဟေးဒီးစ် ဧကရာဇ်ရဲ့ အမျက်ထွက်တာကို ခံရဖို့အတွက် စိတ်ထဲက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လိမ့်မယ်"
မြောင်ရှီးဟောင်က သူ၏ခေါင်းကို ခါလိုက်သည်။ "မဟာမိုးကြိုး ကျောင်းတော်က ဒီရလဒ်ကို မျှော်လင့်ထားခြင်း မရှိခဲ့ဘူး… ဒါက ဟင်းလင်းပြင် ဘုရားကျောင်းကပဲ သိထားပြီး မဟာမိုးကြိုး ကျောင်းတော် မသိထားတဲ့ အရာဖြစ်တယ်… သူတို့က မဟာမိုးကြိုး ကျောင်းတော်ကို သတင်းပေးခဲ့တဲ့ အချိန်မှာ အကြောင်းအရာ တစ်ခုကို ထိမ်ချန်ထားခဲ့တယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...