စာစဥ် ၄၅ : အပိုင်း ၁၁
အပိုင်း ၈၆၁ : စင်စစ် ဖြစ်တည်မှု
ဝိညာဥ်ပင်လယ် အတွင်းမှ ဝိညာဥ်ပင်လယ် ကမ္ဘာနှင့် ပင်လယ်တို့ အကြားမှ နယ်နိမိတ် အတွင်းတွင် အလင်းတန်း ဘောလုံးအတွင်း၌ လင်းဖုန်း၏ မူလခန္ဓာကိုယ်နှင့် မိုးကြိုးနဂါး ကိုယ်ပွားတို့သည် သူတို့၏ မျက်လုံးများကို မှိတ်ထားခဲ့၍ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
သူ၏ အေးရီးစ်ကိုယ်ပွားသည် အခြားတစ်ဘက်တွင် ထိုင်နေခဲ့ကာ အပေါ်မှ ကောင်းကင်ယောက်သွား ရွှေပုလဲအား ကြည့်နေခဲ့သည်။ စီးဆင်းနေသော အလင်းတန်းများက ပုလဲအတွင်းတွင် လှိုင်းထန်နေခဲ့ကာ အပြင်သို့ ထွက်လာခဲ့ပြီး လင်းဖုန်း၏ မူလခန္ဓာကိုယ်နှင့် မိုးကြိုးနဂါး ကိုယ်ပွား အပေါ်သို့ ကျရောက်သွားခဲ့သည်။
"အိုး" အေးရီးစ်ကိုယ်ပွားသည် ချက်ချင်းပင် မျက်တောင်ခတ်လိုက်သည်။ သူ၏ မျက်လုံးသည် လင်းလက်သွားခဲ့၍ သူ၏ စိတ်အတွင်းတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ယုကျင်းတောင် အပေါ်၌ မဟာကောင်းကင် ခန်းမဆောင်၏ ခံစစ်စနစ်က အသက်ဝင် လှုပ်ရှားလာခဲ့သည်။ အလင်းတန်း အလွှာတစ်ခုက ယုကျင်းတောင် တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့၏။
မဟာကောင်းကင် ခန်းမဆောင်၏ ခံစစ်ကို ဖြိုခွဲလိုနေသော အကြီးအကဲ တစ်ယောက်၏ ပုံရိပ်ကလည်း ပေါ်လာခဲ့သည်။
အသက် ၁၄နှစ်၊ ၁၅နှစ်မျှသာ ရှိဦးမည်ဟု ထင်နေရသော လူငယ်တစ်ယောက်သည် ထိုအခွင့်အရေးအား အသုံးချကာ အလင်းတန်း အလွှာအား ချိုးဖောက်၍ ယုကျင်းတောင်ပေါ်သို့ ခြေချနိုင်ခဲ့သည်။
ထိုနှစ်ယောက်တို့၏ ပုံရိပ်ကို မြင်ခဲ့ရသောအခါ အေးရီးစ်ကိုယ်ပွား၏ အကြည့်သည် လင်းလက်သွားခဲ့သည်။ "သံသရာ ဘုန်းတော်ကြီး.. ရှီထျန်းဖန်း"
ထိုပုံရိပ်သည် သူ၏ စိတ်အတွင်းတွင် ရုတ်တရက် ပေါ်လာခဲ့၏။ ပြီးတာနှင့် နောက်ထပ် ဖြစ်ပျက်ခဲ့သည်များကို မမြင်ရတော့ချေ။
"ဟေး.. မင်းတို့က ငါ့ရဲ့တောင်ကို လာတိုက်ခိုက်ရဲတယ်.. မင်းတို့ကို လက်ကမ်းပြီးမှ ကြိုဆိုပါတယ်.. မင်းတို့ကို စောင့်ကြိုနေတဲ့ ဧရာမ အံ့ဩဖွယ်ရာ တစ်ခုရှိနေတယ်" လင်းဖုန်းက ပြုံးလိုက်သည်။ ထိုပုံရိပ်သည် သူ၏ စိတ်အတွင်းတွင် ခေတ္တမျှသာ ပေါ်လာခဲ့သော်လည်း လင်းဖုန်းသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်း၌ တိုက်ပွဲများက ပြင်းထန်စွာ ဖြစ်ပွားနေကြသည်ကို အာရုံခံနိုင်ခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...