စာစဥ် ၄၆ : အပိုင်း ၉
အပိုင်း ၈၇၉ : မင်းတို့က ဘယ်သူ့ကို ရွေးရွေး ငါက သူ့ကို အနိုင်ယူပြမယ်
နတ်ဘုရား နယ်မြေ အတွင်းမှ ဓားများစွာတို့သည် တိုက်ပွဲအတွင်းသို့ အဆင့်ခေါ် ခံခဲ့ရကာ သူတို့၏ ဓားသွားများသည် စတင်၍ အက်ကွဲလာကြသည်။
သူတို့သည် ဤနေရာတွင် ရှိသည်ဖြစ်စေ၊ အဝေးတွင် ရှိသည်ဖြစ်စေ အရည်အသွေး နိမ့်သော ဓားများစွာတို့သည် ပြင်းထန်စွာနှင့် ကွဲအက်သွားကြသည်။
အားလုံးတို့သည် သူတို့၏ အရှေ့မှ တိုက်ပွဲအား အာရုံစိုက်နေကြသည်။ သို့သော်လည်း သူတို့ ကြည့်နေလေလေ ပို၍ မှင်သက်လာခဲ့လေလေ ဖြစ်သည်။
ကောင်းကင်မာစတာ ဓားမာစတာ၊ နတ်ကောင်းကင် ဓားအကြီးအကဲ၊ လျှပ်စီး ဓားမာစတာနှင့် အလင်းဓားမြန် ဓားမာစတာတို့သည် ကြက်သေသေနေကြသည်။
ကောင်းကင်နှင့် မြေကြီးတို့ အတွင်းတွင် လင်းဖုန်းနှင့် ရှင်းလုံစန်းတို့သည် အချင်းချင်း ဆက်လက်၍ တိုက်ခိုက်နေကြသည်။ သူတို့၏ နေရာများသည် မရွှေ့ပြောင်းပဲ သူတို့က တစ်ယောက်ကို တစ်ယောက် မတိုက်ခိုက်နေကြသည့် အတိုင်း ဟင်းလင်းပြင် လေဟာနယ်များကသာ သူတို့ကို ခြားထားပေးကြသည်။ သူတို့သည် မတိုက်ခိုက်စဥ်က နေနေခဲ့သည် နေရာတွင်သာ ရှိနေကြသေးသည်။
လင်းဖုန်း၏ လက်အတွင်းမှ ကောင်းကင်ဖျက်ဆီး ဓား၏ ဓားသွားသည် မူလအတိုင်း ကြည်လင်သည့် ပုံစံကို ပြန်ရောက်သွားခဲ့သည်။ သို့သော်လည်း သူအနားတွင် သွေးနီရောင် အလင်းတန်းများဖြင့် ဝန်းရံထားခဲ့သည်။
သူ၏အနားတွင် ဝန်းရံထားသော အဖြူနှင့် အနက် မြင့်မြတ်သော အလင်းတန်းများသည် ထိုးတက်လာခဲ့ကာ မရေမတွက်နိုင်သော မှော်သင်္ကေတများနှင့် အဆောင်လက်ဖွဲ့များက ပေါ်လာကြသည်။ ထိုမှော်သင်္ကေတနှင့် အဆောင်လက်ဖွဲ့များသည် အလင်းတန်း အဖြစ်သို့ ပြောင်းသွားကြသည်။
ရှင်းလုံစန်းသည် သူတော်စင် ကောင်းကင်ဓားအား ကိုင်ထားကာ ဟင်းလင်းပြင် အတွင်းတွင် ငြိမ်သက်စွာနှင့် ရပ်နေခဲ့သည်။ ကောင်းကင်နှင့် မြေကြီးတို့၏ အကြားမှ စိတ်ဝိညာဥ် စွမ်းအင်များသည် သူ့ထံသို့ စုစည်းလာကြကာ ဧရာမ အသွင်မဲ့ ဓားကြီးအဖြစ်သို့ ပြောင်းသွားခဲ့၍ လင်းဖုန်းထံသို့ ချိန်ရွယ်လိုက်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...