အပိုင်း ၈၇၇ : ယုကျင်းတောင်က စူတောင်အား ဖိနှိပ်ခြင်း

353 36 0
                                    

စာစဥ် ၄၆ : အပိုင်း ၇

အပိုင်း ၈၇၇ : ယုကျင်းတောင်က စူတောင်အား ဖိနှိပ်ခြင်း

လျှမ်ပန်းနှင့် ဇူဟုန်ဝူတို့သာ မျက်စိလည်သွားရုံ မကပဲ ရှီယုနှင့်တကွ မဟာချင် အင်ပါယာမှ ကျန်သောသူများကလည်း ခေါင်းရှုပ်သွားကြသည်။ "လင်းဖုန်းက ဘာကို ရည်ရွယ်ချင်နေတာလဲ.. သူက စူတောင်ကို မျက်နှာပျက်ရုံ သက်သက် လုပ်ချင်နေတာလား"

"ဒါပေမဲ့ ဒါဆိုလည်း ဒီလိုမျိုးလုပ်ဖို့ မလိုပါဘူး.. ဟင်းလင်းပြင် အတွင်းမှ ရှင်းလုံစန်းနဲ့ ထျန်းကန်း ဓားမာစတာတို့ကို အနိုင်ယူနိုင်ရင်လည်း တူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရမှာဖြစ်တယ်.. သူကသာ ဆုံးဖြတ်ချက် ပြတ်သားလို့ရှိရင် သူတို့အထဲက တစ်ယောက်ကိုတောင် သတ်လို့ရတယ်"

"မျက်နှာရဖို့ အတွက်နဲ့ သူက စူတောင်ကို လာရဲတယ်.. ဒါကြောင့်သူက လုံးဝကို ကွဲပြားခြားနားတဲ့ အခြေအနေ တစ်ခုအထဲကို ကျသွားခဲ့ပြီ.. သူက ဒီလိုမျိုး လုပ်ဖို့လိုလို့လား" ကန်းယန်မင်းသားသည် သူ၏ မျက်မှောင်များကို ကြုတ်လိုက်သည်။ "သူ့မှာ လျှို့ဝှက်အကြံတွေ ရှိနေတယ်လို့တော့ မပြောနဲ့နော်"

ရှီယုသည် ဘာမှ မပြောခဲ့ပဲ အဝေးမှ ဟင်းလင်းပြင် လေဟာနယ်ထံသို့ ကြည့်လိုက်သည်။

လျှမ်ပန်းကမူ ဇူဟုန်ဝူအား မှော်စွမ်းအင်များဖြင့် ဆက်သွယ်လိုက်သည်။ "ဟုန်ဝူ.. အခြေအနေကို စောင့်ကြည့်ထား.. တကယ်လို့ လိုအပ်မယ်ဆိုရင် ငါက အင်မော်တယ် နဂါးမြို့တော်ကို အချိန်ဆွဲထားမယ်.. မင်းက စူတောင်ကို အမြန်သွားလိုက်ပါ"

ခဏအကြာတွင် သူက ထပ်ပြောလိုက်သည်။ "ငါတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ပစ်မှတ်ထားစရာ မလိုဘူး.. အရေးအကြီးဆုံးက မဟာကျိုး အင်ပါယာရဲ့ စွမ်းအားတွေကို မြှင့်တင်ဖို့ပဲ"

ဇူဟုန်ဝူက ပြန်ဖြေလိုက်သည်။ "မှန်လှပါ.. အရှင်မင်းမြတ်"

ယခုအချိန်တွင် စူတောင်ပေါ်၌ ချန်းမင် ဓားမာစတာက နှာမှုတ်လိုက်သည်။ "မင်းက စူတောင်ကို လာပြီးတော့ အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါကို လာကြည့်ချင်တယ်ဆိုတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDove le storie prendono vita. Scoprilo ora