စာစဥ် ၃၆ : အပိုင်း ၂
အပိုင်း ၆၇၂ : ချက်ချင်းဖြစ်ပွားလာသော အတွင်းပဋိပက္ခများ
ဤကဲ့သို့သော ရက်ရောသည့် ဆုလာဘ်များသည် အားလုံးတို့အား စိတ်လှုပ်ရှားသွားစေခဲ့သည်။ ပါဝင်ယှဥ်ပြိုင်ကြသူများသည် သူတို့၏ အသင်းဖော်များကို အလေးအနက်ထား၍ လေ့လာနေကြ၏။ ယခုအချိန်တွင် အုပ်စုတစ်ခုတည်းမှ သူများသည် အတူရှင်၊ အတူသေ ဟူသော အခြေအနေသို့ ရောက်သွားကြသဖြင့် သူတို့သည် အချင်းချင်း နီးကပ်စွာ အလုပ်လုပ်ရတော့မည် ဖြစ်သည်။
ရှီဆောင်ချန်းသည် ရှီထျန်းဟောင်အား ကြည့်လိုက်ကာ မေးလိုက်သည်။ "ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေကရော စေတီအတွင်းကို ဝင်တဲ့အချိန်မှာ သူတို့ရဲ့ ကျင့်ကြံမှုတွေကို အခြေခံအုတ်မြစ် အဆင့်ကို အဖိနှိပ် ခံထားရမှာလား"
"ဟုတ်တယ်" ရှီထျန်းဟောင်က သူ၏ခေါင်းကို ညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။ "ဒီချစ်ကြည်ရေး ပြိုင်ပွဲမှာ အခြေခံအုတ်မြစ် အဆင့်က တပည့်တွေက အများစု ဖြစ်တာမို့ တရားမျှတမှုရှိအောင် တပည့်အားလုံးတို့ရဲ့ ကျင့်ကြံမှုကို အခြေခံအုတ်မြစ် အဆင့်မှာ ကန့်သတ်ထားမယ်"
အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဆက်ခံသူ တပည့်အများစုကသာ အခြေခံအုတ်မြစ် အဆင့်တွင် ရှိနေကြသည် မဟုတ်ပဲ အခြားဂိုဏ်းများမှ တပည့်များ အများစုကလည်း အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိနေကြ၏။
"ဒါပေမဲ့ ခြွင်းချက်တစ်ခုရှိတယ်" ရှီထျန်းဟောင်က ပြောလိုက်သည်။ "တကယ်လို့ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ နှစ်ယောက်တို့က အချင်းချင်း တွေ့ခဲ့ရင် သူတို့ရဲ့ ကျင့်ကြံမှုတွေကို နဂိုအတိုင်း ပြန်ထားပေးမှာဖြစ်ပြီး သူတို့ရဲ့ အစွမ်းအစတွေကို အကုန်ထုတ်စေခဲ့မှာ ဖြစ်တယ်"
ယန်လီခွန်း၏ မျက်နှာပေါ်မှ အဆီပြင်များသည် အနည်းငယ် တုန်ခါသွားခဲ့ကာ သူ၏ မျက်လုံးများ အတွင်းမှ ထူးခြားသော အရိပ်အရောင်များ ပေါ်လာခဲ့၏။ "ဒါဆိုတော့ စေတီအပေါ်ကို တက်တဲ့အချိန်မှာ ကျွန်တော်တို့က အခြားသူတွေကို တိုက်ခိုက်လို့ ရတာပေါ့"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...