အပိုင်း ၁၀၈၄ : ကမ္ဘာအတွင်းမှ အကောင်းဆုံး

285 31 0
                                    

စာစဥ် ၅၆ : အပိုင်း ၁၄

အပိုင်း ၁၀၈၄ : ကမ္ဘာအတွင်းမှ အကောင်းဆုံး

ရှောင်ယန်သည် ချင်းနင်သူတော်စင်အား တည်ငြိမ်စွာနှင့် ကြည့်လိုက်သည်။ ချင်းနင် သူတော်စင်ကလည်း သူ၏ သဘာဝလွန် အသိစိတ်ကို အသုံးပြု၍ ရှောင်ယန်၏ ယွင်လော် ဆေးလုံးအား စမ်းသပ် စစ်ဆေးနေခဲ့သည်။ အချိန်အနည်းငယ် ကြာသောအခါ သူ၏ စွမ်းအားများကို ရုပ်သိမ်းလိုက်၍ အချိန်အတော်ကြာ ငြိမ်သက်သွားသည်။

အချိန် အတန်ကြာ တိတ်ဆိတ်နေပြီးမှ ချင်းနင်သူတော်စင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကျုပ်ရဲ့ စွမ်းရည်တွေက ဒီလောက် မကောင်းပါဘူး… ကျုပ်ရှုံးသွားပြီ… ဆေးလုံး ကျင့်ကြံရာမှာ ကူညီဖို့ ဆေးလုံး ကပ်ဘေးတွေကို အသုံးပြုခဲ့တဲ့ ရှောင်ယန်ရဲ့ နည်းလမ်းတွေက တကယ်ကို မျက်စိ ပွင့်စေခဲ့တယ်"

သူ့အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အဖို့ ဆေးလုံး၏ အရည်အသွေးအား ခန့်မှန်းရန် ဆေးလုံးများကို စားသုံးရန် မလိုပေ။

သူတို့သည် ဆေးလုံး၏ အစွမ်းအားလုံးအား ဆုံးဖြတ်နိုင်မည် မဟုတ်သော်လည်း အတွင်းမှ ဆေးလုံး စွမ်းအားများနှင့် ကောင်းကင်နှင့် မြေကြီးတို့၏ သဘောတရားများကို အာရုံခံနိုင်ကြသည်။ သို့ဖြစ်၍ သူတို့သည် ဆေးလုံး၏ အဆင့်ကို သတ်မှတ်နိုင်ကြသည်။

ရှောင်ယန်၏ ယွင်လော် ဆေးလုံးသည် ၃၃ဘုံ ဖန်ဆင်းခြင်း သက်စောင့်ဆေးလုံး၊ ပဏ္ဍိတဆယ်ပါး ရွှေရောင်ဆေးလုံး၊ သက်ရှည်ဆေးလုံး တို့နှင့် မယှဥ်နိုင်သော်လည်း သူသည် နေမင်းကိုးစင်း စိတ်ဝိညာဥ် နတ်ဘုရား ဆေးလုံးနှင့် နိုးထလာသော ပညာရှိ ဆေးလုံးတို့ထက် ပိုသာနေပေပြီ။

သူတို့ သုံးဦးသုံးဘက် အစကတည်းက ပြုလုပ်ထားသော သဘောတူညီမှုများအရ ရှောင်ယန်သည် ဤအချက်နှင့်ပင် အနိုင်ရသွားနိုင်ပြီ ဖြစ်၏။

ချင်းနင်သူတော်စင်က စစ်ဆေးအပြီးတွင် ဆေးလုံးကပ်ဘေး အပြီးတွင် ဆေးလုံးများ အတွင်းမှ  မိစ္ဆာစိတ်ရိုင်းများ အားလုံးတို့အား ဖယ်ရှားပြီးသွားပြီဟု အတည်ပြုနိုင်ခဲ့သည်။ ရှောင်ယန် ကျင့်ကြံခဲ့သော ယွင်လော်ဆေးလုံးများကို သောက်သုံးခြင်းဖြင့် ဘေးထွက် ဆိုးကျိုးများကို ရရှိလိမ့်မည် မဟုတ်ချေ။ ဆေးလုံးကပ်ဘေးများကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် ဆေးလုံး၏ အရည်အသွေးများကလည်း ပိုကောင်းလာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now