အပိုင်း ၆၆၇ : စမ်းသပ်မှုက မရိုးစင်းပေ

441 40 4
                                    

စာစဥ် ၃၅ : အပိုင်း ၁၇

အပိုင်း ၆၆၇ : စမ်းသပ်မှုက မရိုးစင်းပေ

ဓမ္မခန်းမအတွင်းတွင် ရှီထျန်းဟောင်သည် ယန်တီအား ကြည့်လိုက်၍ ဟွမ်ကျန်းထင်အား ကြည့်လိုက်သည်။ သူသည် ကျေနပ်အားရသော အကြည့်ကို ဖော်ပြခဲ့သော်လည်း သူ၏အကြည့် အတွင်းတွင် နှမြောမှုများ ပါနေခဲ့သည်။ သူ၏ခေါင်းကိုညိတ်လိုက်ကာ ပြောလိုက်သည်။ "ယန်တီက အရှုံးပေးလိုက်တဲ့အတွက် ကျန်းထင်က အနိုင်ရဖို့ ဝူယန်သားရဲ သုံးကောင်ကိုပဲ သတ်ရတော့မယ်"

ယန်တီက သူ၏ခေါင်းကို ညိတ်လိုက်၏။ ရှီထျန်းဟောင်၏ စွမ်းအားများ အကူအညီနှင့် သူသည် တိုက်ပွဲစင်မြင့်အပေါ်မှ ဆင်းခဲ့လိုက်သည်။

ဟွမ်ကျန်းထင်သည် လျှင်မြန်စွာနှင့် ဝူယန်သားရဲ သုံးကောင်တို့အား သတ်နိုင်ခဲ့သည်။ သူသည် ကစားလို့ ဝသေးဟန် မတူပေ။ သူသည် ကျန်နေသေးသော ဝူယန်သားရဲများကို ကြည့်လိုက်ကာ သက်ပြင်းချလိုက်၏။ "ငါက ထပ်ပြီး ဆော့ချင်သေးတယ်"

ရှီထျန်းဟောင်က ရယ်လိုက်သည်။ "နောက်ထပ်အဆင့်တွေမှာ အဝဆော့ရမယ်"

ဟွမ်ကျန်းထင်သည် ဘာမှဖြစ်ပုံ မရသော်လည်း မြေရိုင်းလျှိုမြောင်မှ အခြားတပည့်များ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးများ ပေါ်လာကြသည်။ နောက်ထပ်အဆင့်များတွင် ဝူယန်သားရဲများ ပို၍ပို၍ တိုးလာကြမည် ဖြစ်၏။

လက်ရှိအခြေအနေအရ ဝူယန်သားရဲများ ပိုများလာသောအခါ သူတို့အတွင်းမှ အနည်းဆုံး တစ်ဝက်တို့က အခြားပြိုင်ဘက်အား ဂရုစိုက်ကြမည် မဟုတ်ပဲ မြေရိုင်းလျှိုမြောင်မှ တပည့်များကို ဝိုင်းရံတိုက်ခိုက်ကြမည် ဖြစ်သည်။

ရန်သူများစွာတို့ကို ရင်ဆိုင်နေရသည့်အခါ နောက်ထပ် ရန်သူတစ်ယောက် ထပ်တိုးလာလျှင် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်လာမည်ဖြစ်သည်။

အခြားအဖွဲ့ခွဲမှ တပည့်များကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အကယ်၍ သူတို့သည် မြေရိုင်းလျှိုမြောင်မှ တပည့်များနှင့် မဲကျပါက မည်ကဲ့သို့ လုပ်ရမည်ကို သိမည် မဟုတ်ပေ။ တတ်နိုင်ပါက သူတို့သည် လျှိုရှဖုန်း၊ ရှုယွင်စန်းနှင့် ကျန်သောသူများနှင့်သာ တိုက်လိုကြ၏။ အနည်းဆုံးတော့ သူတို့၏ အစွမ်းများကို ထုတ်ဖော်ခွင့် ရနိုင်ကြမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now