အပိုင်း ၆၇၃ : စိတ်လှုပ်ရှားခြင်း

387 38 0
                                    

စာစဥ် ၃၆ : အပိုင်း ၃

အပိုင်း ၆၇၃ : စိတ်လှုပ်ရှားခြင်း

ကျိုးယွင်ချုံးသည် ဟန်ပန် အမူအရာ ကင်းမဲ့နေခဲ့၏။ သို့သော်လည်း ယခုအချိန်တွင် သူ၏ တည်ငြိမ်နေမှုသည် အလွန်ခက်ထန်သော ပုံစံပေါက်နေခဲ့သည်။ လွန်စွာကြမ်းတမ်းသော ဓားသွားတစ်ချောင်းက ထွက်လာတော့မည်ပုံ ပေါက်နေခဲ့၏။

ဇူရုံသည် အေးစက်စွာနှင့် ရယ်လိုက်ကာ သူ၏ ကိုယ်မှလည်း လူသတ်လိုစိတ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူသည် မဖော်ပြခဲ့သဖြင့် တွေ့ရှိရန် သိပ်မလွယ်လှပေ။

သူသည် စစ်တပ်အတွင်းတွင် အချိန်အကြာကြီး နေခဲ့ကာ ဇူဟုန်ဝူနှင့် ငယ်စဥ်ကတည်းက စစ်မြေပြင်များ အတွင်းသို့ ရောက်ခဲ့သူ ဖြစ်၏။ သူသည် ညှာတာမှုကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ်သူ များစွာတို့နှင့် ကြုံဖူးခဲ့ပြီး ဖြစ်သည်။

ကျောက်ဟွမ်သည် ကျိုးယွင်ချုံးအား ဟန့်တားလိုက်သည်။ "ဂျူနီယာကျိုး၊ စိတ်ထိန်း၊ သူ့ကမင်းကို တမင်သက်သက် ရန်စနေတာ။ မင်းကို အထုတ်ပယ် ခံရအောင် လုပ်နေတာ"

"သူကလည်း အထုတ်ခံရမှာပဲ" ကျိုးယွင်ချုံးက ပြောလိုက်ကာ ဇူရုံထံသို့ လျှောက်သွားလိုက်၏။

ကျောက်ဟွမ်သည် ခေတ္တမျှ မှင်သက်သွားခဲ့သည်။ သို့သော်လည်း သူသည် မကြာမီပင် တုံ့ပြန်ခဲ့သည်။ ကျိုးယွင်ချုံးသည် သူက ဇူရုံအား သတ်ဖြတ်နိုင်သည့် စွမ်းရည်ရှိကာ ဓမ္မခန်းမ၏ အကာအကွယ်စနစ်ကို အသက်ဝင်လာစေ၍ ဇူရုံကိုလည်း သူနှင့်အတူတူ ထွက်သွားစေမည် ဖြစ်သည်။

ဇူရုံကလည်း ရယ်လိုက်ကာ သူ၏လက်သီးများကို ဆုပ်လိုက်၍ သူ၏သွေးများက ဆူပွက်လာခဲ့သည်။ ဓမ္မခန်းမသည် သူ၏ ကျင့်ကြံမှုအား ကျိုးယွင်ချုံးကဲ့သို့ အခြေခံအုတ်မြစ် အဆင့်သို့ ဖိနှိပ်ထားသော်လည်း သူသည် တုန်လှုပ်နေခြင်း မရှိပေ။ နှစ်ပေါင်းများစွာ တိုက်ပွဲများကို ဆင်နွဲခဲ့ရသဖြင့် သူသည် ယုံကြည်မှု ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။

ကြယ်စင်ရတနာ စေတီအတွင်းသို့ မဝင်ရသေးသော သူများသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့၏။ သူတို့သည် ပထမအဆင့် မစရသေးခင်တွင်ပင် ပဋိပက္ခများ ဖြစ်နေခဲ့သော သူများကို စိုက်ကြည့်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now