စာစဥ် ၄၇ : အပိုင်း ၁၉
အပိုင်း ၉၀၉ : ငြိမ်သက်စွာဖြင့် စဥ်းစားနေသော လင်းဖုန်း
သူရရှိခဲ့သော အဓိက ဆုလာဘ်များမှာ မြောက်မြားလှစွာသော ဓာတ်တော်များပင် ဖြစ်၏။
မဟာမိုးကြိုး ကျောင်းတော်ကြီး ပျက်စီးသွားသော အခါ ဓာတ်တော် အမြောက်အမြားတို့သည် မဟာကျိုး အင်ပါယာ၏ လက်အတွင်းသို့ ကျရောက်သွားခဲ့ပြီး ကျန်သော ဓာတ်တော်များသည် အခြားနေရာများသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ရွှေပုစဥ်း ဆရာတော်သည် ထိုအတွင်းမှ ရာခိုင်နှုန်း အတော်များများကို စုဆောင်းထားနိုင်ခဲ့သည်။
ရွှေပုစဥ်း ဆရာတော်သည် လျှမ်ပန်းနှင့် ဇူဟုန်ဝူတို့ကဲ့သို့ ထိုဓာတ်တော်များကို ရတနာများ အတွင်းသို့ ထည့်သွင်းနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူ၏ လက်အတွင်းမှ ဓာတ်တော်များသည် နဂိုအတိုင်း ရှိနေကြသည်။ အကယ်၍ လင်းဖုန်းသည် အနီးကပ် ကြည့်ရှုလိုက်ပါက အတွင်းမှ အမွေးတိုင် အကြွင်းအကျန်များကိုပင် တွေ့နိုင်သေးသည်။
ဤအချိန်တွင် ရွှေပုစဥ်း ဆရာတော်သည် သူတို့အား တိုက်ပွဲဝင်္ကပါများ အဖြစ် အသုံးပြုခဲ့ကာ လင်းဖုန်းသည် သူတို့အားလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ယင်ပင်လယ် အတွင်းမှ တောင်သုံးတောင်တို့အား သိမ်းပိုက်သည့် တိုက်ပွဲတွင် ဇူရီသည် တခုန်း ဇန်မာစတာထံမှ ဓာတ်တော် အမြောက်အမြားတို့ကို ရရှိခဲ့ပြီး ဖြစ်သည်။ သူသည် မဟာမိုးကြိုး ကျောင်းတော်သို့ ထိုဓာတ်တော်များကို ပြန်လည် မြှုပ်နှံခဲ့ အပြီးတွင် လင်းဖုန်းသည် စနစ်ထံမှ သင်္ကန်းတစ်စုံကို ရရှိခဲ့၏။
ထိုသင်္ကန်းသည် မှော်ရတနာ တစ်ခု မဟုတ်သော်လည်း ခုခံနိုင်သော စွမ်းအားများ ရှိနေသည်။ သူ၏ အကြီးမားဆုံးသော အသုံးဝင်မှုသည် ဗုဒ္ဓဝါဒ၏ တန်ဖိုးများကို ဖြန့်ဝေနိုင်ကာ လူအများ တရားထိုင်ရာ၌ အာရုံစုစည်းမှု ကောင်းစေရန် လမ်းညွှန်ပေးနိုင်ခြင်း ဖြစ်သည်။
လင်းဖုန်းသည် အစက ထိုသင်္ကန်းအား ပါရမီ ဇန်မာစတာအား ပေးအပ်မည် ကြံခဲ့သော်လည်း သူက အဆက်မပြတ် ပယ်ချခဲ့သည်။ သူ၏ ဖော်ပြချက်အရ ထိုသင်္ကန်းသည် လင်းဖုန်း အနာဂတ်တွင် ရှာဖွေစုဆောင်းမည့် ဓာတ်တော်များကို ကာကွယ်၍ အားဖြည့်ပေးနိုင်စွမ်း ရှိသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...