စာစဥ် ၅၇ : အပိုင်း ၄
အပိုင်း ၁၀၉၄ : ငရဲကမ္ဘာ ပင်လယ်၏ ဗဟိုချက်
ကောင်းကင်နှင့် မြေကြီးတို့ အပေါ်၌ ကျန်နေသော ဝမ်ချီယန်၏ အပြုံးသည် သူက ဤကမ္ဘာ အတွင်းတွင် ချန်ခဲ့သော နောက်ဆုံးသဲလွန်စ ဖြစ်ပေလိမ့်မည်။ ပြီးတာနှင့် လင်းဖုန်းနှင့် ကျန်သောသူများ၏ စိတ်အတွင်းမှ ပုံရိပ်များက ပျောက်ကွယ်သွားခဲ့သည်။
'ကပ်ဘေး'ဟုခေါ်သော ကျောက်တုံးတိုင်လုံးသည် ငရဲကမ္ဘာ ပင်လယ်နှင့် ပြန်လည် ဆက်သွယ်နိုင်ခဲ့သော်လည်း ဝမ်ချီယန်၏ ပုံရိပ်ကိုမူ နောက်ထပ် မတွေ့ရတော့ချေ။
နောက်ထပ် ဖြစ်ပွားခဲ့သော အရာကို တစ်ယောက်ကမှ မတွေ့ခဲ့ရသော်လည်း အားလုံးတို့သည် ဘာဖြစ်ခဲ့သနည်း ဟူသည်ကို အကြမ်းဖျင်း ပြောနိုင်ခဲ့သည်။
ဝမ်ချီယန်သည် ငရဲကမ္ဘာ ပင်လယ်၏ စွမ်းအားများကို ဆင့်ခေါ်၍ နတ်ဘုရားနယ်မြေ အတွင်းသို့ ပြန်ရောက်သွားခဲ့ကာ သူ့ဘဝ၏ နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်သွားခဲ့သည်။ သူသည် အသတ်ခံလိုက်ရ၍ အန္တိမ ကောင်းကင်ကြေးမုံကလည်း ထပ်ဖန်တစ်ခါ ဒဏ်ရာရသွားခဲ့သည်။
သို့သော်လည်း နောက်ဆုံးရလဒ်မှာ ရှန်းယွမ်ကလည်း နောက်ဆုံးတွင် အသတ်ခံလိုက်ရသည်။
လင်းဖုန်းသည် သူ၏အရှေ့မှ ကျောက်တုံးတိုင်လုံးအား ကြည့်နေရင်း သူ၏ ရင်အတွင်းတွင် ခံစားချက်များဖြင့် ပြည့်လာခဲ့သည်။ သူ၏ စိတ်အတွင်းတွင် စာကြောင်းတစ်ခု ပေါ်လာခဲ့သည်။
ခံစားမှု ပြင်းထန်၍ တာဝန်သိသော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် သူရဲကောင်းတစ်ယောက်။
ဤနေရာတွင် တစ်စုံတစ်ယောက်မှ မရှိတော့သော်လည်း လင်းဖုန်းသည် လေးစားသော အနေဖြင့် သူ၏ လက်နှစ်ဘက်အား ဆုပ်လိုက်သည်။
သူ၏ဘေးတွင် ရှောင်ယန်၊ ဇူရီ၊ ယန်ချင်နှင့် လီယွမ်ဖန်းတို့ကလည်း ဆွံ့အနေကြသည်။ အချိန် အတန်ကြာမှ သူတို့အားလုံးတို့သည် ဝမ်ချီယန် ရှိခဲ့သော နေရာကို ကြည့်လိုက်ကြ၍ ဦးညွှတ်လိုက်ကြသည်။
ယန်ချင်က သက်ပြင်းချလိုက်သည်။ "အလယ်ခေတ်က ဧရာမ စစ်ပွဲအတွင်းမှာ ငရဲကမ္ဘာ ပင်လယ်အတွင်းမှာ ပုံရိပ်တစ်ခု ရေးရေးလေး ပေါ်လာခဲ့တယ်… အဲ့ဒီပုံရိပ်က တကယ်ပဲ ဝမ်ချီယန် ဖြစ်နေခဲ့တယ်… ဒီပုံရိပ်က လုံးဝ ကြေမွသွားတာ အထူးအဆန်း မဟုတ်ပါဘူး… သူ့အနေနဲ့ ဒီတိုက်ပွဲကို ဝင်ပါခဲ့ရင် သူ့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပြီး ဖြစ်သွားပြီ"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...