အပိုင်း ၈၇၆ : ငါကစပြီးမှ မင်းတို့ရဲ့ တောင်ပေါ်ကို လာမယ်

360 41 0
                                    

စာစဥ် ၄၆ : အပိုင်း ၆

အပိုင်း ၈၇၆ : ငါကစပြီးမှ မင်းတို့ရဲ့ တောင်ပေါ်ကို လာမယ်

ယခုအချိန်တွင် စူတောင်အပေါ်မှ ပတ်ဝန်းကျင်သည် ဝမ်းနည်းပူဆွေးဖွယ် ကောင်းနေခဲ့သည်။

မဟာလမင်း ဓားတောင်ထိပ်ပေါ်၌ မဟာလမင်း ဓားမာစတာသည် အပြင်းအထန် ဒဏ်ရာရထားခဲ့သည်။ သူသည် ရှောင်ယန်နှင့် ပါရမီ ဇန်မာစတာတို့၏ လက်ချက်ကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ ကျဲလော်ရှီ၏ ဓားဆန္ဒသည် သူ့အား ကာကွယ်ပေးခဲ့သော်လည်း သူ၏ စင်စင် ဖြစ်တည်မှုသည် ဒဏ်ရာ ရရှိသွားခဲ့သည်။ သူ၏ ဒဏ်ရာများကို အချိန်ယူ၍ ကုစားခဲ့ရမည် ဖြစ်သည်။

သို့သော်လည်း သူ၏ စိတ်ဓာတ်ကို မြှင့်တင်ထားကာ သူ့ထက်ပင် ဒဏ်ရာများ ပိုမို ပြင်းထန်နေသော ရှောင်ဇီ ဓားမာစတာနှင့် ကွမ်းချုံ ဓားမာစတာတို့အား သူတို့၏ အင်မော်တယ်ဝိညာဥ်များကို ဒဏ်ရာကုစားနိုင်ရန်အတွက် ကူညီပေးနေခဲ့ရသည်။

သူတို့နှစ်ဦး အနက် တစ်ယောက်၏ စင်စင် ဖြစ်တည်မှုသည် ရှီထျန်းဟောင်၏ ခြေမွခြင်းကို ခံခဲ့ရကာ အခြားတစ်ယောက်မှ ရှောင်ယန်၏ လက်ချက်ဖြင့် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့သည်။ သူတို့၏ ဒဏ်ရာများထက် စာလျှင် ထိုဓားကျင့်ကြံသူများ၏ စိတ်အခြေအနေများသည် ပိုဆိုးနေကြသည်။

သူတို့၏ တပည့်များက မသိကြသေးသော်လည်း သူတို့သည် ရှင်းလုံစန်းထံမှ လင်းဖုန်းသည် မဟာကမ္ဘာ အတွင်းသို့ ပြန်ရောက်လာခဲ့ပြီကို သိခဲ့ကြသည်။ သူသည် ယုကျင်းတောင်သို့ ပြန်လာခဲ့ကာ သူ၏တောင်အား တိုက်ခိုက်ခဲ့သူ မှန်သမျှကို ဖယ်ရှားခဲ့သည်။

ရှုအန်ဒါ၊ ဆောင်တုန်းထျန်း၊ ကျန်းအန်းဟွေနှင့် ကျန်သောသူများ အားလုံးတို့သည် အဖမ်းခံခဲ့ရသည်။ ကျဲလော်ရှီမှာမူ နေရာတွင်ပင် အသတ်ခံလိုက်ရ၏။

ထျန်းကန်း ဓားမာစတာသည် အနားတွင် ရှိနေခဲ့သော်လည်း လင်းဖုန်း၏ တားဆီးထားခြင်းကို ခံခဲ့ရသည်။ လင်းဖုန်းက သူ၏ ဂျူနီယာအား သတ်ဖြတ်ခဲ့သည်ကို ကြည့်ရုံသာ ကြည့်နိုင်ခဲ့သည်။

ထိုသတင်းသည် ကွမ်းချုံ ဓားမာစတာနှင့် ကျန်သောသူများအား အံ့ဩမှင်သက်စေခဲ့သည်။ ထို့အပြင် ရှောင်စန်း ဓားမာစတာနှင့် လီရှုံ ဓားမာစတာတို့သည်လည်း လင်းဖုန်း၏ ဖမ်းဆီးခြင်းအား ခံခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now