စာစဥ် ၅၇ : အပိုင်း ၈
အပိုင်း ၁၀၉၈ : သေမင်းဧကရာဇ်၏ ဒုတိယ နတ်ဆိုးဝိညာဥ်
ဝမ်ချီယန်သည် ယန်ရှင်းဟီအား ရိုးသားစွာ ကြည့်လိုက်သော်လည်း ယန်ရှင်းဟီက ငြိမ်သက်နေကာ ဘာမှ ပြန်မပြောခဲ့ပေ။
သူတို့တွင် အချိန် သိပ်မကျန်တော့ပဲ ဝမ်ချီယန်ကလည်း ပို၍ စိုးရိမ် ပူပန်နေသောပုံ ပေါက်လာသည်။ နောက်ဆုံးတွင် ယန်ရှင်းဟီ၏ အက်ကွဲသော အသံက ပေါ်လာသည်။ "သူမက နတ်ဘုရားနယ်မြေကို မခြိမ်းခြောက်ခဲ့ရင် ကျွန်တော်ကလည်း သူတို့ကို ခက်ခဲအောင် မလုပ်ပါဘူး"
ဝမ်ချီယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ "ကျေးဇူးပါ… ရှင်းဟီ"
သူ့မျက်နှာပေါ်မှ ဤအပြုံးကို မြင်ရသောအခါ ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများက သူတို့၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်ကြသည်။
ဤအပြုံးသည် ဝမ်ချီယန်က ရှန်းယွမ်အား ဒုတိယ အကြိမ်အဖြစ် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သော အခါ ပြုံးခဲ့သည့် အပြုံးနှင့် အတူတူပင် ဖြစ်သည်။
"နတ်ဘုရားနယ်မြေက တောင်တန်းတွေ… မြစ်ချောင်းတွေ… ပင်လယ်တွေက ငါပြန်လာတာကို သိနေမယ်" ထိုစကားကို အော်ပြောခဲ့သော အချိန်တွင် သူ၏ မျက်နှာပေါ်တွင် ပြုံးနေသည့် အပြုံးနှင့် အတူတူပင် ဖြစ်သည်။
သူ၏ စွမ်းအားနှင့် ရဲစွမ်းသတ္တိများ အကြားတွင် သူသည် အပြစ်ကင်းစင်သော ကလေး တစ်ယောက်နှင့်လည်း တူနေပေသည်။
ယခုအချိန်တွင် အလင်းတန်း ပုံရိပ်အကြားတွင် ဝမ်ချီယန်သည် ဟင်းလင်းပြင် အကြားမှ အနက်ရောင် တိမ်တိုက်အကြားတွင် ရှိနေသော ဧရာမ အဖြူရောင် လူဝံထံသို့ မော့ကြည့်လိုက်၍ ကြုံးဝါးလိုက်သည်။ "ရှန်းယွမ်… ငါလာပြီဟေ့"
သူ၏ ဟိန်းဟောက်သံ အကြားတွင် ဝမ်ချီယန်၏ ခန္ဓာကိုယ်သည် အဖြူရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွား၍ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။ မဟာကမ္ဘာကို ထိုးဖောက်သွားနိုင်သည့် မြားတစ်စင်းကဲ့သို့ သူသည် အနက်ရောင် တိမ်တိုက်များကို ချက်ချင်းပင် ချေဖျက်နိုင်ခဲ့သည်။ ကြည်လင်နေသော ကြေးမုံတစ်ခုမှ အလင်းတန်းသည် သူနှင့်အတူ ထိုဧရာမ အဖြူရောင် လူဝံထံသို့ လိုက်ပါသွားခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...