စာစဥ် ၅၂ : အပိုင်း ၁၆
အပိုင်း ၁၀၀၆ : ငါကမင်းကို စောင့်နေတာ
ယန်ကျောက်သည် အန္တိမ မိုးသက်မုန်တိုင်း သီချင်း မှော်ကျိန်စာအား ထုတ်လွှတ်လိုက်သည်။ ကောင်းကင်သို့ တက်လှမ်းခြင်း မှော်ကျိန်စာနှင့် ဒိုင်မန်းရှင်း ကင်းမဲ့မှု အသွင်ပြောင်းလဲခြင်း တို့အား တပြိုင်နက်တည်း ထုတ်ဖော်လိုက်၍ သူ၏ ခန္ဓာကိုယ်သည် ခန့်မှန်း၍ မရနိုင်ပဲ တိမ်တိုက်များ အကြားသို့ ပျောက်ကွယ်သွားသည်။
လျှိုရှဖုန်းသည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်အား ဆက်လက် အသုံးပြုကာ ထူထဲသော အဖြူရောင် တိမ်တိုက်များကို တိုက်ခိုက်နေသည်။ ယန်ကျောက်မှာ ဘာမှ မတတ်နိုင်ပဲ သူ့အနားမှ တိမ်တိုက်များကို အဆက်မပြတ် အားဖြည့်ပေးနေရ၏။ ကြည့်ရသည်မှာ သူသည် သူ့ကိုယ်သူသာ ကာကွယ်နိုင်၍ လုံးဝ ပြန်လည် မတိုက်နိုင်ဟု ထင်နေရသည်။
မဟာသူရိယ အကြွင်းမဲ့ မီးတောက်များ ပေါက်ကွဲသွားတိုင်း တိမ်တိုက်စွမ်းအင် အမြောက်အမြား လွင့်ပြယ်သွားသည်။ ကြည့်ရသည်မှာ ယန်ကျောက်၏ မှော်ကျိန်စာအား လုံးဝ ချိုးဖောက်နိုင်ရန် သိပ်မလိုတော့ပေ။ အနည်းငယ် ထပ်မံ အားစိုက်လိုက်လျှင် တိမ်တိုက်များ အားလုံးကို ပျက်သုဥ်းစေနိုင်တော့မည် ဖြစ်သည်။
ယန်ကျောက်မှာမူ မနည်း ခုခံကာကွယ်နေရကာ သူ၏ အကာအကွယ် တိမ်တိုက်အလွှာမှာ ကျိုးပေါက်တော့မည် ဖြစ်၍ သူ၏အသက်မှာ အချိန်အရွေး အန္တရာယ် ရှိနိုင်သည်ပုံ ပေါက်နေ၏။
ဤတိုက်ပွဲအား ကြည့်ရသည်မှာ ယန်ကျောက်သည် တိုက်ခိုက်မှု တစ်ခုပြီးတိုင်း ထူထဲသော အဖြူရောင် တိမ်တိုက်များအား အားပိုစိုက်၍ ပြန်ဖြည့်ပေးနေရသည်ကို တွေ့နိုင်သည်။
သူသည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင် ရှိနေသော်လည်း သူ၏ မှော်စွမ်းအင်မှာ ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်မှ လျှိုရှဖုန်းလောက် မသိပ်သည်းချေ။
ထို့အပြင် အဆက်မပြတ် ခုခံနေရခြင်းသည် ဟာကွက်များကို ပေါ်စေ၏။ တစ်ချက်မျှ အာရုံပျံ့သွားသည်နှင့် ရှုံးနိမ့်သွားနိုင်ကာ ယခင်က ကြိုးစားမှုများ အားလုံး အချည်းနှီး ဖြစ်သွားပေမည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...