အပိုင်း ၈၉၂ : ရင်ကွဲနာကျ ဖြစ်သွားသော ကျင်းဟွမ်အမတ်

364 33 0
                                    

စာစဥ် ၄၆ : အပိုင်း ၂

အပိုင်း ၈၉၂ : ရင်ကွဲနာကျ ဖြစ်သွားသော ကျင်းဟွမ်အမတ်

ရှောင်ယန်သည် သူ၏ လက်များအတွင်းတွင် နတ်ဘုရား ချပ်ဝတ်တန်ဆာ၏ အပိုင်းအစများကို ကိုင်ထားရင်း ကျင်းဟွမ်အမတ်၏ အရှေ့တွင် ပြောင်ချော်ချော်ဖြင့် ဝှေ့ယမ်းပြနေလိုက်သည်။ ကျင်းဟွမ်အမတ်သည် ဒေါသထွက်လွန်းသဖြင့် သွေးအန်တော့မည်ကဲ့သို့ ဖြစ်သွားခဲ့သည်။ ဒါသည် သူ၏အရင်ဘဝတွင် စွမ်းအားများ မြင့်မားစွာ ရရှိနိုင်ရန်အတွက် အဓိက အရေးပါသည့် မှော်ရတနာ ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် ဤမှော်ရတနာသည် သူ၏ နှလုံးသားနှင့် အနီးကပ်ဆုံး ဖြစ်သည်။ ဤနတ်ဘုရား ခန္ဓာကိုယ် ချပ်ဝတ်တန်ဆာနှင့် သူ၏ ဆက်သွယ်မှုမှာ ကျန်သော မှော်ရတနာများနှင့် မတူပေ။ သူသည် ထိုရတနာနှင့် နက်ရှိုင်းသော ဆက်စပ်မှုများ ရှိနေသည်။ ထိုဆက်စပ်မှုသည် သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့် ပို၍ပို၍ သန်မာလာခဲ့သည်။

ထိုနတ်ဘုရား ခန္ဓာကိုယ် ချပ်ဝတ်တန်ဆာမှတဆင့် သူရရှိခဲ့သော အစွန်းရောက် ဧကရာဇ်၏ သိုင်းပညာရပ် လမ်းစဥ်များကလည်း ပို၍ပို၍ ပြီးပြည်စုံလာခဲ့သည်။ သူတို့နှစ်ဦးတို့သည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းထားသကဲ့သို့ ဖြစ်သည်။

ဒါသည် ကျင်းဟွမ်အမတ်၏ ရည်မှန်းချက်များကို ပိုမို ခိုင်မာလာစေခဲ့သည်။ သူသည် ဤမှော်ရတနာ၏ အစစ်အမှန် ပိုင်ရှင်ဖြစ်ပြီး သူသည် အစွန်းရောက် ဧကရာဇ်၏ ပြန်လည်ဝင်စားသူ ဖြစ်နိုင်သည်ဟူ၍ ခံစားနေရသည်။ သူ၏ ယခင်ဘဝမှ နောင်တများကို ဖယ်ရှားကာ နတ်ဘုရားနယ်မြေ အတွင်းသို့ တကမ္ဘာလုံးကို အုပ်စိုးရန် ပြန်လာသကဲသို့ ဖြစ်သည်။

ကျင်းဟွမ်အမတ်သည် ဤမှော်ရတနာ၏ ယခင်က ရရှိထားသော ဒဏ်ရာမှာ ပြင်းထန်လွန်းလှသဖြင့် သူ့အား လွယ်လွယ်ကူကူနှင့် အသုံးမပြုခဲ့ပေ။ ထို့အစား သူသည် ထိုရတနာအား ယခင်မှ ရရှိခဲ့သည့် ဂုဏ်ကျက်သရေများကို အတတ်နိုင်ဆုံး အမြန်ပြန်လည် ရရှိစေရန်အတွက် မရေမတွက်နိုင်သော အရင်းအမြစ် ပစ္စည်းများကို သူ၏အတွင်းသို့ ရင်းနှီးမြှုပ်နှံထားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now