အပိုင်း ၈၂၁ မှ ၈၂၅

461 41 4
                                    

စာစဥ် ၄၃ : အပိုင်း ၁၁

အပိုင်း ၈၂၁ : ကျန်းလေ၏ အဆုံးသတ်

ယန်ချင်သည် အဆုံးသတ်သော မဟာယင် ပြောင်းလဲမှုကို ထုတ်လွှတ်လိုက်၍  အဆုံးသတ်သော ယင်လောကကို ဖော်ပြလိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မဟာလမင်း အကြွင်းမဲ့ရေမှ ဖန်တီးထားသော ရေလူသား အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ပြီးတာနှင့် ကျောက်စိမ်းရောင် မဟာလမင်း အကြွင်းမဲ့ရေသည် လျှင်မြန်စွာနှင့် အနက်ရောင် အဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူ၏ မျက်နှာပြင်ပေါ်တွင် ရေခဲပြာရောင် မြူခိုးငွေ့များက လည်ပတ်နေကြ၏။ အပြာရောင် မြူခိုးငွေ့များ၏ အကြားတွင် အဖြူဖျော့ရောင် အလင်းတန်းက လင်းလက်နေခဲ့သည်။

သူတို့ စတင် တိုက်ခိုက်ခဲ့ကတည်းက ယန်ချင်သည် တစ်ချက်မှ မလှုပ်ရှားခဲ့ပေ။ သူသည် အားလုံးကို ဘေးမှသာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူ၏အရှေ့တွင် ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များသည် သူ၏စိတ်ကို ရူးသွပ်သော အခြေအနေသို့ရောက်အောင် လှုံ့ဆော်ပေးနေခဲ့သော်လည်း သူ၏ စိတ်အခြေအနေသည် အလွန်အမင်းကို တည်ငြိမ်နေခဲ့သည်။ သူသည် တိုက်ခိုက်ရန် အသင့်တော်ဆုံး အခွင့်အရေးကို စောင့်နေခဲ့ခြင်း ဖြစ်၏။

သူမလှုပ်ရှားလျှင် ဘာမှမဖြစ်ချေ။ သို့သော်လည်း သူစတင် လှုပ်ရှားလိုက်သည်နှင့် ကျန်းလေသည် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရမည် ဖြစ်သည်။

ယခုအချိန်တွင် ပြီးပြည့်စုံသော အခွင့်အရေး တစ်ခုက ရောက်လာခဲ့လေပြီ။

ယန်ချင်သည် အဆုံးသတ်သော ယင်လောက အတွင်းသို့ ဝင်ရောက်သွား၍ မဟာလမင်း၏ တကိုယ်တည်း အနားယူခြင်းကို ထုတ်ဖော်ခဲ့သောအခါ ဖြူဖျော့ဖျော့ အလင်းတန်းသည် ကျန်းလေအား လွှမ်းခြုံသွားခဲ့၏။ ကျန်းလေက သူ၏အရှေ့မှ အရာအားလုံးတို့သည် မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ အသိစိတ် အတွင်းတွင် အရာအားလုံးတို့က ပျောက်ကွယ်သွားခဲ့၏။

ခန်းနန်းဟွာ၊ စီးဆင်းနေသော ဂင်္ဂါသဲနှုန်းနှင့် မဟာနေမင်း လေပြင်း အားလုံးတို့က ပျောက်ကွယ်သွားကြသည်။ သူ၏အရှေ့မှ ယွဲ့ဟုန်ယန်နှင့် ညှာတာမှု ကင်းမဲ့သည့် ခုနှစ်စဥ်ကြယ် ချပ်ဝတ်တန်ဆာတို့ပင် မတွေ့ရတော့ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now