အပိုင်း ၈၄၁ မှ ၈၄၅

432 37 1
                                    

စာစဥ် ၄၄ : အပိုင်း ၁၁

အပိုင်း ၈၄၁ : ရန်သူတို့က ယုကျင်းတောင်သို့ ရောက်လာခဲ့လေပြီ

လီဘိုတောက်၏ သံသယများအား ချူးယန်က ပြုံး၍ ပြန်ဖြေလိုက်၏။ "တောင်ပေါ်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့အပြီးမှာ ကျွန်တော်က ထူးခြားတဲ့ အခြေအနေ တချို့ကို ကြုံတွေ့ခဲ့ရတယ်"

လီဘိုတောက်က သူ၏ မျက်မှောင်များကို ကြုတ်လိုက်သည်။ "ငါက မင်းရဲ့ အသက်နဲ့ ရုပ်ပုံတို့က ကွဲပြားခြားနားနေတယ် ဆိုတာကို အာရုံခံမိနေတယ်.. မင်းက အခြားကမ္ဘာ တစ်ခုက အချိန်ပိုပြီး လျှင်မြန်တဲ့ နေရာတစ်ခုမှာ ကျင့်ကြံခဲ့တာ ဖြစ်လိမ့်မယ်.. ဒါပေမဲ့ မင်းက ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်နိုင်ခဲ့တာက အံ့အားသင့်စရာပဲ ဖြစ်တယ်"

"ငါမှတ်ထားတာ မမှားခဲ့ရင် ခွန်းလွန် စိတ်ဝိညာဥ် အစည်းအဝေးတုံးက လီယွမ်ဖန်းကလည်း မင်းလိုပဲ ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်မှာ ရှိနေတယ်.. ဒါပေမဲ့ အခုအချိန်မှာ မင်းက သူ့ထက် ခြေတစ်လှမ်း သာသွားခဲ့ပြီ" လီဘိုတောက်က ပြောလိုက်သည်။ မင်းရဲ့ ပင်ကိုစွမ်းရည်တွေက တကယ့်ကို ထူးချွန်ပြောင်မြောက်လှပါတယ်.. ငါတို့ဟာ အတိတ်က မျက်လုံးကန်းနေပြီး မင်းလိုမျိုး ရတနာကို သတိမပြုမိဘူး"

"အခုအချိန်မှာ မင်းက ချီးကျူးဖို့ ထိုက်တန်တဲ့ အရာတစ်ခုကို စွမ်းဆောင်ပေးနိုင်ခဲ့တော့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက မင်းကို နေရာတစ်ခု ပေးချင်ပေးလိမ့်မယ်.. ဒါပေမဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက သူတို့ကို စောင့်နေတဲ့ အကျပ်အတည်းကို အရင် ကျော်လွှားရမယ်ဆိုတာကို သတိထားမှ ရမယ်"

ချုးယန်က လီဘိုတောက်အား ကြည့်လိုက်ကာ သူ၏ခေါင်းကို အနည်းငယ် ခါလိုက်သည်။ "လီယွမ်ဖန်းက ဦးလေးထင်သလို မဟုတ်ဘူး"

"ကျွန်တော့်အနေနဲ့ ကျွန်တော်က ဆရာရဲ့တပည့်.. ထာဝရ တောင်တန်းဂိုဏ်းရဲ့ တပည့်ဖြစ်တယ်.. ဒီအချက်က ဘယ်တော့မှ ပြောင်းသွားမှာ မဟုတ်ဘူး"

"ကျွန်တော်က ထာဝရ တောင်တန်းဂိုဏ်းရဲ့ အနာဂတ် အတွက် လုပ်နိုင်တာကို လုပ်ခြင်း ဖြစ်ပါတယ်.. အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေက မတူပေမဲ့ ရည်ရွယ်ချက်ကတော့ အတူတူပဲ ဖြစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now